မန္တလေးတိုင်းတွင် သိပ္ပံနှင့်နည်းပညာတီထွင်မှု စင်တာတစ်ခုတည်ထောင်ရန် စီစဉ်နေဟုဆို


မန္တလေးတိုင်းအတွင်း နည်းပညာ ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး သိပ္ပံနှင့်နည်း ပညာတီထွင်မှုစင်တာတစ်ခုတည် ထောင်ရန်   စီစဉ်နေကြောင်း မန္တလေး နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဆင့်စိုး က ပြောသည်။

‘‘မြန်မာနိုင်ငံမှာ သုတေသန လုပ်ငန်းတွေဟာ ပြန့်ကျဲပြီး ရှိနေ တဲ့အတွက် ခိုင်မာတဲ့ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းတွေအတွက် လုပ် သွားဖို့ ရည်ရွယ်ထားတယ်။ ဒီစင် တာကနေ တိုင်းဒေသကြီးအဆင့်၊ အမျိုးသားအဆင့်နဲ့ ဒေသတွင်း နိုင်ငံများအဆင့်အထိကို သုတေ သနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ် သွားဖို့အတွက် ရည်ရွယ်ထားပါ တယ်’’ဟု ဒေါက်တာဆင့်စိုးက ပြောသည်။

လက်ရှိတွင် မန္တလေးသိပ္ပံနှင့် နည်းပညာတီထွင်မှု စင်တာကို မန္တလေးတိုင်းအတွင်း ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများဖြစ်သည့် စိုက် ပျိုးရေး၊ ပညာရေး၊ နည်းပညာ စသည့် ကဏ္ဍပေါင်းစုံ၌ ဒေသ ၏ လိုအပ်ချက်အပေါ်တွင် မူတည်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီး လိုအပ် သည့် လုပ်ငန်းစဉ်များအတွက် စာတမ်းတစ်ခု ပြုစုထားကြောင်း ၎င်းက ပြောသည်။

အဆိုပါသုတေသနစင်တာ တည်ထောင်နိုင်ရေး ခွင့်ပြုချက် ရရှိရန် ဇန်နဝါရီ ၆ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုတွင် မန္တလေးတိုင်းဝန်ကြီးချုပ်ထံ ရှင်းလင်းတင်ပြခဲ့ကြောင်း ဒေါက်တာဆင့်စိုးက ပြောသည်။

‘‘သုတေသနလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ဒေသရဲ့ နည်းပညာလိုအပ်ချက်ကို ဦးစား ပေးပြီး ဆောင်ရွက်မှာဖြစ်ပါ တယ်။ ဥပမာ လယ်ယာစိုက်ပျိုး ရေးဖွံ့ဖြိုးဖို့ လုပ်ငန်းတွေ လိုအပ် တယ်ဆိုရင်လည်း အဲဒါကို ဦးစား ပေးဆောင်ရွက်မယ်။ အလားတူ အီလက်ထရွန်နစ်လုပ်ငန်းတွေ ဖွံ့ ဖြိုးရေးအတွက် လိုအပ်မယ်ဆိုရင် လည်း လုပ်သွားမယ်။ ကဏ္ဍ ၁၁ ခုလောက်ပါမယ်။ ဒေသအကျိုးရှိ တဲ့နည်းပညာတွေကို သုတေသန ပြုလုပ်ဖို့ ဖော်ဆောင်သွားမယ်’’ ဟု ဒေါက်တာဆင့်စိုးက ပြော ကြားသည်။

လက်ရှိတွင် မန္တလေးနည်း ပညာတက္ကသိုလ်၌ သိပ္ပံနှင့် နည်း ပညာတီထွင်မှုစင်တာ တည် ဆောက်နိုင်ရန် မြေနေရာလျာထား ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုရရှိပါက အကောင်အ ထည်ဖော်နိုင်ရန် ပြင်ဆင်ထား ကြောင်း ၎င်းက ပြောသည်။

မန္တလေးတိုင်းတွင် သိပ္ပံနှင့်နည်းပညာတီထွင်မှု စင်တာတစ်ခုတည်ထောင်ရန် စီစဉ်နေဟုဆို မန္တလေးတိုင်းတွင် သိပ္ပံနှင့်နည်းပညာတီထွင်မှု စင်တာတစ်ခုတည်ထောင်ရန် စီစဉ်နေဟုဆို Reviewed by The Collector on Friday, January 12, 2018 Rating: 5

No comments