အူရီးဒူးဆင်းမ်ကတ်များကို ဟန်းဆက်တိုင်းတွင် ထည့်သွင်းအသုံးပြုနိုင်တော့မည်


ဇန်န၀ါရီ ၄ ရက်ကစ၍ အူရီးဒူးဆင်းမ်ကတ်များကို ဟန်း ဆက်တိုင်းတွင် ထည့်သွင်းအသုံး ပြုနို်င်မည်ဟု အော်ပရေတာက ကြေညာသည်။

2G ကွန်ရက်ကို တည် ဆောက်ထားခြင်းမရှိသဖြင့် အူရီးဒူးဆင်းမ်ကတ်များကို ယခင်က 3G ကွန်ရက်ထောက်ပံ့ ပေးသည့် ဟန်းဆက်များတွင်သာ ထည့်သွင်းအသုံးပြုနိုင်သည်။ 

ဆင်းမ်ကတ်နှစ်ခုသုံး ဟန်း ဆက်များတွင် Slot 1 သည် 2G  ကွန်ရက်ဖြစ်ပြီး Slot 2 သည်3G  ကွန်ရက်ဖြစ်၍ အခြားသော အော်ပရေတာဆင်းမ်ကတ်ဖြင့် မိုဘိုင်းအင်တာနက် အသုံးပြုလို သူများသည် အူရီးဒူးဆင်းမ် ကတ်ထည့်သွင်းအသုံးပြုရန် အခက်အခဲရှိကြောင်း  တယ်လီနောအသုံးပြုသူ ကိုဇော်ကြီးက ပြောသည်။

အူရီးဒူးသည် ၂၀၁၇ အောက်တိုဘာအတွင်း ဧရာဝတီနှင့် မကွေးတိုင်းတွင် 2G ကွန်ရက်ကို စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈ ဇန်န၀ါရီ၎ ရက်တွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် 2G ကွန်ရက်ဖွင့်လှစ် ပေးမည်ဟု ကြေညာခဲ့သည်။

‘‘အူရီးဒူးအသုံးပြုနေသူတွေ က Slot 1 လား၊ Slot 2 လား စဉ်း စားနေဖို့ မလိုတော့ပါဘူး’’ဟု ၎င်း ကပြောသည်။

မိုဘိုင်းဟန်းဆက်အားလုံး ၏ ၆၀ ရာခိုင်နှုန်းသည် အူရီးဒူး ဆင်းမ်ကတ်ကို လက်ခံခြင်းမရှိ သဖြင့် 3G ကွန်ရက်တစ်ခုတည်း ကိုသာ အကောင်အထည်ဖော်ခဲ့ခြင်းသည် စိန်ခေါ်မှုတစ်ခုဖြစ် ကြောင်း အော်ပရေတာ၏ စီအီးအိုဗီကာရန်ဆင်ဟာက ပြောသည်။

ဆင်းမ်ကတ်အရေအတွက် အနည်းဆုံး ပိုင်ဆိုင်ထားသည့် အူရီးဒူး၏ဈေးကွက်ဝေစုကို 2G  ကွန်ရက်ဖွင့်လှစ်ပေးပြီး တစ်နှစ်အ ကြာတွင် ပြန်လည်တိုင်းတာနိုင် ကြောင်း ၎င်းကပြောသည်။

ဆက်သွယ်ရေးအော်ပရေ တာ တယ်လီနော အသုံးပြုသူ ၁၉ သန်းကျော်ရှိပြီး အူရီးဒူးအသုံး ပြုသူ ကိုးသန်းခန့်သာ ရှိသည်။ 

အူရီးဒူးဆင်းမ်ကတ်များကို ဟန်းဆက်တိုင်းတွင် ထည့်သွင်းအသုံးပြုနိုင်တော့မည် အူရီးဒူးဆင်းမ်ကတ်များကို ဟန်းဆက်တိုင်းတွင် ထည့်သွင်းအသုံးပြုနိုင်တော့မည် Reviewed by The Collector on Wednesday, January 03, 2018 Rating: 5

No comments