မြန်မာအိုင်တီကုမ္ပဏီ nexlabs ဒေါ်လာ တစ်သိန်းကျော် ရင်းနှီးမြှုပ်နှံမှု ရှာဖွေနိုင်ခဲ့


fb.com/nexlabs

 စင်ကာပူနိုင်ငံတွင် အခြေစိုက်သော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ VIMIC  ဦးဆောင်မှုဖြင့် ရန်ကုန်အခြေစိုက်ဒစ်ဂျစ်တယ် အ တိုင်ပင်ခံကုမ္ပဏီ nexlabs သည်ကန်ဒေါ်လာ တစ်သိန်းကျော်အထိရင်းနှီးမြှုပ်နှံမှုရှာဖွေနိုင်ခဲ့သည်။

လက်ရှိရင်းနှီးမြှုပ်နှံမှုကုမ္ပ ဏီ Blibros Capital Partners ကလည်း VIMIC နှင့်အတူ ထပ်မံ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

nexlabs ကုမ္ပဏီက ပေး သော ဝန်ဆောင်မှုများတွင် ဝက်ဘ်ဆိုက်နှင့် app များ ထုတ် လုပ်ပေးခြင်း၊ ဆော့ဖ်ဝဲများ ရေး ပေးခြင်း၊ အမှတ်တံဆိပ်စီမံခန့် ခွဲပေးခြင်း၊ လူမှုမီဒီယာစီမံခန့်ခွဲပေးခြင်း၊ စားသုံးသူလေ့လာဆန်းစစ်မှုများပြုလုပ်ပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။


nexlabs ၏ ဖောက်သည် များတွင် စင်ကာပူခရီးသွားလုပ် ငန်းဘုတ်အဖွဲ့၊ Wave Money၊ စီးတီးမတ်ကုမ္ပဏီ၊ TOTALနှင့် ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့တို့ ပါဝင်သည်။

VLMIC ကုမ္ပဏီအနေဖြင့် nexlabs ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်ခွင့်ရခြင်းအတွက် အလွန် ပျော်ရွှင် ဝမ်းမြောက်မိကြောင်း ယခု  ရင်းနှီးမြှုပ်နှံမှုနှင့်အတူ nexlabs ၏ ဘုတ်အဖွဲ့၌ပါဝင် လာမည့် VIMIC ၏ စီမံခန့်ခွဲရေး အရာရှိ ဖီးလ်ဒ်ပစ်ကာရင်းက ပြောသည်။

  ကိုရဲမြတ်မင်းဦးဆောင်တည်ထောင်ခဲ့သော သက်တမ်းလေးနှစ်ရှိ nexlabs သည် ၂၀၁၅ နှစ်ကုန်က ကန်ဒေါ်လာ နှစ်သန်းခွဲတန်ကြေးရှိသည်ဟု တွက်ချက်ခဲ့ သည်။

  လက်ရှိရင်းနှီးမြှုပ်နှံသူ Bilbros နှင့်အတူ ယခုတစ်ကြိမ် ရင်းနှီးမြှုပ်နှံမှုကို VIMIC က ဦး ဆောင်ခြင်းအတွက် အလွန်ဝမ်း မြောက်မိကြောင်းနှင့် မိမိတို့အ တွက် အရေးပါသော ရင်းနှီးမြှုပ်နှံ မှုဖြစ်ကြောင်း nexlabs တည် ထောင်သူနှင့် စီအီးအိုကိုရဲမြတ်မင်းက ပြောသည်။

—Ref:PSA

မြန်မာအိုင်တီကုမ္ပဏီ nexlabs ဒေါ်လာ တစ်သိန်းကျော် ရင်းနှီးမြှုပ်နှံမှု ရှာဖွေနိုင်ခဲ့ မြန်မာအိုင်တီကုမ္ပဏီ nexlabs ဒေါ်လာ တစ်သိန်းကျော် ရင်းနှီးမြှုပ်နှံမှု ရှာဖွေနိုင်ခဲ့ Reviewed by The Collector on Thursday, January 11, 2018 Rating: 5

No comments