မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပုံသေပိုင်ပစ္စည်းတန်ဖိုးသတ်မှတ်ရန် နေပြည်တော်တွင် ဆွေးနွေး


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပုံသေပိုင်ပစ္စည်းတန်ဖိုးသတ်မှတ်ရန် အစည်းအဝေးပြုလုပ်နေစဉ် (ဓာတ်ပုံ − ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ပုံသေပိုင်ပစ္စည်းကို တန်ဖိုးသတ် မှတ်နိုင်ရန် ၂၀၁၈ အတွင်း ပထမ ဆုံးအကြိမ် နေပြည်တော်တွင် ဇန် နဝါရီ ၃ ရက်က ဆွေးနွေးခဲ့သည်။

ဆက်သွယ်ရေးတာဝါတိုင်၊ မြေနေရာ၊ ဆက်သွယ်ရေးသုံး  ပစ္စည်းတို့ကဲ့သို့ လုပ်ငန်းလည်ပတ် နေသည့် ယန္တရားအားလုံးသည် ပုံ သေပိုင်ပစ္စည်းအဖြစ် အကျုံးဝင် သည်။ ထို့အပြင် ကော်ပိုရေးရှင်းအ ဖြစ်ပြောင်းလဲရန် ကြိုးစားနေသ ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကို တန်ဖိုးသတ်မှတ်ရန် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန က ကော်မတီဖွဲ့စည်း၍ ဆွေးနွေး ခဲ့သော်လည်း အသေးစိတ်အချက် အလက်များကို ထုတ်ပြန်ခြင်းမရှိပေ။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုထံမှ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂ သန်းကို လက်ခံခဲ့ ကြောင်း သတင်းထုတ်ပြန်ထား သော်လည်း မူရင်းမြန်မာ့ဆက် သွယ်ရေး လုပ်ငန်း၏ အစိုးရပိုင် ဆိုင်မှုနှင့် အကျိုးအမြတ်ခွဲဝေမှုကို ထုတ်ပြန်ပြောဆိုရန် အော်ပရေ တာ၏ ပြန်ကြားရေးအဖွဲ့က ငြင်းဆိုခဲ့သည်။

၂၀၁၆ ကစတင်၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကို ကော် ပိုရေးရှင်းအဖြစ်ပြောင်းလဲရန်  ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာနကခြောက်ကြိမ် တွေ့ဆုံ ဆွေးနွေးထားသည်။ ကော်ပိုရေး ရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ပါ က အော်ပရေတာများအကြား ပြိုင်ဆိုင်မှု ပိုမိုလွတ်လပ်လာမည် ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဟုတ် က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ကြိုးပမ်းနေ ခြင်းသည် အစိုးရပိုင် အစုရှယ်ယာ ကို အော်ပရေတာလုပ်ငန်းမှ ထုတ် ယူရန်မဟုတ်ကြောင်း ကော်ပိုရေး ရှင်း ပြောင်းလဲရေး ကော်မတီအ ဖွဲ့ဝင် တစ်ဦးက ပြောသည်။

‘‘ပြောင်းပြီးသွားရင် ဘာထူး မှာလဲဆိုတော့ လုပ်ငန်းလုပ်ကိုင် တဲ့နေရာမှာ ဖြေလျှော့မှုတွေရှိလာ ပါမယ်။ ပိုင်ဆိုင်မှုကတော့ အစိုးရ ပိုင်ဆိုင်မှုအနေနဲ့ပဲ ရှိနေမှာပါ’’ ဟု ၎င်းကပြောသည်။ ဆက်သွယ်ရေး အော်ပရေတာများအကြား ပြိုင် ဆိုင်မှုတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ယခုထက်ပိုမို ပွင့်လင်းမြင်သာပါက ပိုမိုကောင်း မွန်မည်ဟု တယ်လီနောစီအီးအို အဲရစ်တဲမန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရေး ဦးဆောင် ကော်မတီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်များပါဝင်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပုံသေပိုင်ပစ္စည်းတန်ဖိုးသတ်မှတ်ရန် နေပြည်တော်တွင် ဆွေးနွေး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပုံသေပိုင်ပစ္စည်းတန်ဖိုးသတ်မှတ်ရန် နေပြည်တော်တွင် ဆွေးနွေး Reviewed by The Collector on Friday, January 12, 2018 Rating: 5

No comments