စမတ်ဖုန်းဈေးကွက်ဝေစု အများဆုံးပိုင်ဆိုင်သည့် ကုမ္ပဏီများတွင် ဆမ်ဆောင်း ထိပ်ဆုံး၌ ရှိဟုဆို


၂၀၁၇ အတွင်း မြန်မာ နိုင်ငံ၌ စမတ်ဖုန်းဈေးကွက်ဝေစု အများဆုံး ပိုင်ဆိုင်ထားသည့် ကုမ္ပဏီများတွင် Samsung သည် အဆင့်တစ်နေရာ၌ ရပ် တည်နေကြောင်း ပြည်တွင်းအ ခြေစိုက် အွန်လိုင်းကြော်ငြာဝန် ဆောင်မှုကုမ္ပဏီ MYANMAR ONLINE ADVERTISING (MOA) က၎င်းတို့၏ စစ်တမ်းကောက်ယူရရှိမှုကို သတင်းထုတ်ပြန်ခဲ့သည်။

MOA သတင်းထုတ်ပြန်မှုအ ရ တစ်နှစ်အတွင်း ၎င်းတို့၏ ကြော်ငြာကွန်ရက်တွင် ကြည့်ရှုခဲ့ သည့် စမတ်ဖုန်းအသုံးပြုသူ ၁၂ သန်းခန့်မှ ရရှိသည့် အချက် အလက်များအပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထား သည်။


 ‘‘တစ်နှစ်တာအတွင်းမှာ စမတ်ဖုန်းအားလုံးရဲ့ ရောင်းအားနဲ့ တန်ဖိုးကို တွက်မယ်ဆိုရင်တော့ ဆမ်ဆောင်းက နံပါတ်တစ်မှာရှိနေပြီး အလုံးအရေအတွက် အများဆုံးဆိုရင်တော့ ဟွာဝေးက နံပါတ်တစ်နေရာမှာပဲ ရှိနေဆဲဆိုတာကို တွေ့ရပါတယ်’’ ဟု လူကြီးမင်း မိုဘိုင်းဖုန်း အရောင်းဆိုင်  မန်နေဂျင်းဒါရိုက်တာ ဦးပြည်စိုးထွန်းက ဆိုသည်။

MOA ၏ စစ်တမ်းကောက် ယူမှုများအရ ၂၀၁၇ အတွင်း ဈေးကွက်ဝေစု အများဆုံးရရှိခဲ့ သည့် စမတ်ဖုန်း အမှတ်တံဆိပ် များတွင် Samsung သည် ၃၁ ရာခိုင်နှုန်းဖြင့် နံပါတ်တစ်နေရာ ၌ ရပ်တည်နေပြီး HUAWEI သည် ၂၇ ရာခိုင်နှုန်းဖြင့် နံပါတ် နှစ်၊ XIAOMI မှ ၁၈ ရာခိုင်နှုန်း ဖြင့် နံပါတ်သုံး၊ VIVO သည် ၁၂ ရာခိုင်နှုန်းဖြင့် နံပါတ်လေးနေရာ တွင် ရပ်တည်နေကြောင်း ဖော် ပြထားသည်။

‘‘ဆမ်ဆောင်းအနေနဲ့ ကျပ် လေးသိန်းနဲ့အထက် စမတ်ဖုန်း တွေမှာဆိုရင် ရောင်းအားက နံ ပါတ်တစ်နေရာမှာ ရှိနေတယ်ဆို တာ သေချာပါတယ်။ လေးသိန်း အောက်စမတ်ဖုန်း ဈေးကွက်မှာ ဆိုရင်တော့ တခြားသော စမတ် ဖုန်းတွေနဲ့ သူမသာ ကိုယ်မသာ ယှဉ်ပြိုင်နေရတဲ့ အနေအထားမှာ ရှိနေတာတွေ့ရပါတယ်’’ ဟု Samsung မြန်မာမိုဘိုင်းဌာန အကြီးအကဲ ဦးဇာနည်ဝင်းထက် က မှတ်ချက်ပြုသည်။

ထူးခြားမှုအနေဖြင့် တန်ဖိုး နည်း စမတ်ဖုန်းဈေးကွက် ထွန်း ကားသည့် မြန်မာနိုင်ငံတွင် တန် ဖိုးကြီး စမတ်ဖုန်းများကိုသာ ထုတ်လုပ်လေ့ရှိသည့် IPHONE က လည်း မြန်မာနိုင်ငံ၌ ဈေးကွက် ဝေစု၏ ၈ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ထားသည်ကို တွေ့ရကြောင်း MOA က ဖော်ပြထားသည်။

စမတ်ဖုန်းဈေးကွက်ဝေစု အများဆုံးပိုင်ဆိုင်သည့် ကုမ္ပဏီများတွင် ဆမ်ဆောင်း ထိပ်ဆုံး၌ ရှိဟုဆို စမတ်ဖုန်းဈေးကွက်ဝေစု အများဆုံးပိုင်ဆိုင်သည့် ကုမ္ပဏီများတွင် ဆမ်ဆောင်း ထိပ်ဆုံး၌ ရှိဟုဆို Reviewed by The Collector on Tuesday, January 09, 2018 Rating: 5

No comments