ဟိုတယ်ခရီးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ကိုဘာသာစကား ရှစ်မျိုးဖြင့် ကြည့်ရှုနိုင်


ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန၏ ဝက်ဘ်ဆိုက်ကို ၂၀၁၇ ဒီဇင်ဘာနောက်ဆုံးပတ်က စတင် ကာ ဘာသာစကားရှစ်မျိုးဖြင့် တိုး ချဲ့လွှင့်တင်ထားကြောင်း ယင်းဝန် ကြီးဌာနက သတင်းထုတ်ပြန် သည်။

‘‘ယခင်က မြန်မာတစ်မျိုး တည်း လွှင့်တင်ထားတဲ့ ဝက်ဘ် ဆိုက်ကို ၂၀၁၇ နှစ်လယ်ပိုင်းမှာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ လွှင့်တင်ပေးခဲ့ပြီး အခုလမှာတော့ ဘာသာစကား ရှစ်မျိုးနဲ့ပါ ကြည့် နိုင်အောင် တိုးချဲ့လိုက်တဲ့အတွက် နိုင်ငံတကာက ခရီးသွားတွေပါ အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ် ပါတယ်’’ ဟု ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ထွေးက ပြော သည်။

အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်သည့် http://ift.tt/2f84bbA ဟု အမည်ပေးထားသည့် ဝက်ဘ်ဆိုက်အသစ်ကို ၂၀၁၇ ဇူလိုင်၌ လွှင့်တင်ခဲ့ပြီး မြန်မာ နိုင်ငံ၏ ခရီးသွားဆိုင်ရာ အချက် အလက်များကို ကဏ္ဍအလိုက် အ သေးစိတ်ဖော်ပြလွှင့်တင်ခဲ့သည်။

ယခုအခါ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာအပြင် တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ ကိုရီးယားနှင့် ထိုင်းဘာသာစကားတို့ဖြင့်ပါ ကြည့်ရှုနိုင်ပြီဖြစ်သည်။

‘‘နိုင်ငံတကာက ခရီးသွား လုပ်ငန်းဆိုင်ရာ အစိုးရဌာနတွေ က အမြဲတမ်း အဲဒီလိုလုပ်ကြပါ တယ်။ ထိုင်းနိုင်ငံမှာဆိုရင်လည်း ရှစ်မျိုးမကပါဘူး။ ဘာသာစကား ပေါင်းများစွာကို ထည့်သွင်းဖော် ပြပေးထားပါတယ်။ ဒါကမြန်မာ့ခရီးသွားကဏ္ဍမှာ တိုးတက်ပြောင်းလဲလာတဲ့ သဘောကိုဆောင်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့လည်း နည်းပညာပိုင်းမှာ ပြောင်းလဲမှု လုပ်လာပါတယ်။ ဒီထက်ပိုပြီးတော့ ဘာသာစကားတွေ အများကြီးလည်း လိုအပ်နိုင်ပါတယ်’’ ဟုNature Dream ခရီးသွား လုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က အကြံပြုသည်။

၂၀၁၇ အတွင်း မြန်မာနိုင်ငံ သို့ နိုင်ငံခြားခရီးသွားဧည့်သည် ၃ ဒသမ ၅ သန်းဝင်ရောက်ရန် မျှော် မှန်းထားပြီး အောက်တိုဘာကုန် အထိ ၃ ဒသမ ၁ သန်းရှိသည်။

ဟိုတယ်ခရီးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ကိုဘာသာစကား ရှစ်မျိုးဖြင့် ကြည့်ရှုနိုင် ဟိုတယ်ခရီးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ကိုဘာသာစကား ရှစ်မျိုးဖြင့် ကြည့်ရှုနိုင် Reviewed by The Collector on Thursday, January 04, 2018 Rating: 5

No comments