ဆက်သွယ်ရေးအော်ပရေတာများ ကတိအတိုင်း ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ စစ်ဆေး


 ဆက်သွယ်ရေးအော်ပ ရေတာများ အစိုးရကိုပေးထား သော ကတိအတိုင်းဆောင်ရွက် နိုင်ခြင်းရှိ၊ မရှိ စစ်ဆေးနေကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်က ပြောသည်။

သုံးနှစ်ကျော်အတွင်း ဆက် သွယ်ရေးအော်ပရေတာများ၏ ၀န်ဆောင်မှုကို ပထမဆုံးအကြိမ် စစ်ဆေးခြင်းဖြစ်ပြီး ဇန်န၀ါရီ ၆ ရက်ကစကာ ရက် ၆၀ အတွင်း မြေပုံများ၊ ဆော့ဖ်ဝဲများကို အခြေခံ၍ အော်ပရေတာများ၏ ကွန်ရက်ဝန်ဆောင်မှုတင်ပြခြင်းကို ပဏာမစစ်ဆေးမည်ဖြစ်သည်။


‘‘သံသယရှိတဲ့နေရာတွေကို တော့ ကွင်းဆင်းစစ်ဆေးမယ်’’ ဟု ၎င်းကပြောသည်။

အော်ပရေတာများသည် ဆက်သွယ်ရေးလိုင်စင်ရယူစဉ်က အစိုးရထံ ငါးနှစ်အတွင်း မြို့ ၆၅ ခု၊ အဓိကလမ်းမကြီး ငါးခုနှင့် အထူးစီးပွားရေးဇုန် သုံးခုတွင် ကွန်ရက်လွှမ်းခြုံပေးမည်ဟု သီးခြားကတိပေးခဲ့သည်။

၎င်းတို့ပေးထားသော ကတိ အတိုင်း ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ စတင်စစ်ဆေးသည့်ရက်မှ ရက် ၈၀ အတွင်း အစီရင်ခံစာ ထွက်ရှိမည် ဖြစ်သည်။ ကတိအ တိုင်းမဆောင်ရွက်သော အော်ပရေတာကို လိုင်စင်ပါ အချက်အ လက်များနှင့်အတူ အဆင့်ဆင့် အရေးယူမည်ဟု ဦးစိုးနိုင်က ပြောသည်။

ဆက်သွယ်ရေးကွန်ရက်ကို စစ်ဆေးရာတွင် အခြေခံကွန်ရက် ဖြန့်ကြက်ထားနိုင်မှုအပြင် တည် ဆောက်ပြီး ကွန်ရက်၏ အရည်အ သွေးကိုလည်း ပူးတွဲစစ်ဆေးမည် ဖြစ်သည်။

အော်ပရေတာ၏ ကွန်ရက် အရည်အသွေးကို စစ်ဆေးသည့် နည်းပညာဆိုင်ရာ အရပ်ဘက်အ ဖွဲ့အစည်း(MIDO)က အော်ပရေ တာများ၏ ကွန်ရက်သည် အချက်အလက်တောင်းဆိုမှုတွင် ကြန့်ကြာနေကြောင်း ၂၀၁၇ က ထုတ်ပြန်သည်။

‘‘ညွှန်ကြားမှုဦးစီးဌာနအနေ နဲ့ ဒီလိုစစ်ဆေးတာဟာ ကောင်း တဲ့အချက်ပဲ။ အရေးကြီးတာက ကတိအတိုင်း မလုပ်နိုင်တဲ့ အော် ပရေတာတွေကို ဘယ်လိုဆက် လက်တွန်းအားပေးမလဲဆိုတာ ပါပဲ’’ဟု MIDO မှ ကိုမျိုးမင်း အောင်က ပြောသည်။

 ဆက်သွယ်ရေးအော်ပရေ တာများသည်  အစိုးရကို ပေး ထားသည့် ကတိအတိုင်းဆောင် ရွက်ထားကြောင်း   ထုတ်ပြန်သော်လည်း ကွန်ရက်ဖြန့်ကြက်မှုသည် လူဦးရေပေါ်တွင်သာ အများဆုံး လွှမ်းခြုံထားပြီး မြေပြင်ဧရိယာအပေါ် လွှမ်းခြံမှုနည်းပါးကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ဆက်သွယ်ရေးအော်ပရေတာများ ကတိအတိုင်း ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ စစ်ဆေး ဆက်သွယ်ရေးအော်ပရေတာများ ကတိအတိုင်း ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ စစ်ဆေး Reviewed by The Collector on Friday, January 12, 2018 Rating: 5

No comments