ပဲခူးတိုင်းဒေသကြီးမြို့နယ်သုံးခုတွင် တယ်လီနော 4G မိတ်ဆက်


4G ကွန်ရက်ကို ဝန် ဆောင်မှုပေးအပ်နေသော တယ် လီနောသည် 4G အသုံးပြုနိုင် သည့် ကွန်ရက်ကို ပဲခူးတိုင်းဒေသ ကြီးရှိ ပြည်၊ ပဲခူးနှင့် တောင်ငူမြို့တို့၌ တိုးချဲ့ခဲ့ကြောင်း သတင်းရရှိသည်။

4G ကွန်ရက် အသုံးပြုရန် တယ်လီနော ဆင်းမ်ကတ်အဟောင်းများကို နည်းပညာမြင့်မားသည့် USIM များဖြင့် လဲလှယ်ရမည်ဟု သတင်းထုတ်ပြန်ထားသည်။ ‘‘ပထမ စစချင်း 2G တွေ ချထားပေးတုန်းက ဆင်းမ်ကတ် တွေက 4Gကို အလုပ်မလုပ်ဘူး။ နောက်ပိုင်း 3G ကွန်ရက်တွေ ကျယ်ပြန့်လာတော့ အသစ်ချ ထားပေးတဲ့ ဆင်းမ်ကတ်တွေကတော့ အလုပ်လုပ်ပါတယ်’’ဟု တယ်လီနော  ပြန်ကြားရေးတာဝန်ခံ ကိုအဲလက်စ်က ပြောသည်။


တယ်လီနောသည် 4G ကွန် ရက်ကို နေပြည်တော်တစ်မြို့ တည်း၌သာ ဝန်ဆောင်မှုပေးအပ်နေရာမှ ပဲခူးတိုင်းအတွင်း မြို့နယ်သုံးခုသို့ ဆက်လက် တိုးချဲ့ခဲ့ခြင်းဖြစ်သည်။ တယ်လီနောအနေဖြင့် 4G ကွန်ရက်အသုံးပြုသူ အရေအတွက်ကို ထုတ်ပြန်ပြောကြားခြင်း မရှိသော်လည်း အူရီးဒူးက 4G အသုံးပြုသူအရေအတွက် ၄ ဒသမ ၆ သန်းပိုင်ဆိုင်ထားသည် ဟု သတင်းထုတ်ပြန်သည်။

အူရီးဒူးသည် 4G ကွန်ရက် ကို ရန်ကုန်၊ မန္တလေး၊ နေပြည် တော်နှင့် ပုဂံမြို့တို့၌ စတင်မိတ် ဆက်ပြီး ဇန်နဝါရီအတွင်း မကွေးတိုင်းဒေသကြီးရှိ ချောက်၊ ရေနံ ချောင်း၊ မကွေးအစရှိသည့် မြို့သုံးမြို့ကို ဆက်လက်ဝန်ဆောင် မှုပေးအပ်မည်ဟု ကြေညာထား သည်။ အူရီးဒူး၏ ထုတ်ပြန်ကြေ ညာချက်အရ 4G ကို ရန်ကုန်၌ ၂ ဒသမ ၇ သန်း အသုံးပြုနေပြီး မန္တလေး၌ ၁ ဒသမ ၅ သန်းအသုံး ပြုနေကြောင်း သိရသည်။

4G ကွန်ရက်ကို အူရီးဒူးနှင့် တယ်လီနောက အပြိုင်အဆိုင်တိုးချဲ့ဆောင်ရွက်နေသော်လည်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကတည်နေရာ အကန့်အသတ်ဖြင့် သာ ဝန်ဆောင်မှုပေးအပ်နေဆဲဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးမြို့နယ်သုံးခုတွင် တယ်လီနော 4G မိတ်ဆက် ပဲခူးတိုင်းဒေသကြီးမြို့နယ်သုံးခုတွင် တယ်လီနော 4G မိတ်ဆက် Reviewed by The Collector on Wednesday, December 28, 2016 Rating: 5

No comments