လူမှုကွန်ရက်တွင် ပျောက်ဆုံးနေသော ကျင့်ဝတ်


ကျောက်ကပ်ဝေဒနာခံစားနေရသည့်ကလေးငယ်တစ်ဦးအား ကူညီနိုင်ရန် ဝေမျှထားသည့် ပို့စ်တစ်ခု (ဓာတ်ပုံ−စိုင်းဇော်)

အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့သည့် အသက်(၁၀)နှစ်အရွယ် ကလေး ငယ်တစ်ဦး၏ အရှက်မလုံသော အလောင်းပုံများ (သို့မဟုတ်) အဓမ္မပြုကျင့်ခံခဲ့ရသည့် ကလေး ငယ်အား သူကြုံတွေ့ခဲ့ရသည့် ဆိုးရွားဖြစ်ရပ်ဆိုးကို သူကိုယ် တိုင်ပြန်ပြောင်းပြောပြသည့် ဗီဒီယိုဖိုင်တစ်ခုကို ကရုဏာသက်စွာဖြင့် သင်ထပ်ဆင့်ဝေမျှဖူးပါသလား။

ထိုမျှမက ၀တ်လစ်စားလစ် ဖြင့် လမ်းပေါ်လဲလျောင်းနေသူ တစ်ဦး၊ အစာရေစာ ငတ်မွတ်နေ သူတစ်ဦး၊ မမာမကျန်းသူတစ်ဦး စသည့် စသည့် ကရုဏာသက်ဖွယ် သော သူအချို့အကြောင်းအရာ များတွင် ထိုသူတို့၏ ရုပ်ပုံသွင်ပြင် ပုံသဏ္ဌာန်များနှင့် တွဲဖက်ရေးသား ထားသည့် အကူအညီအထောက် အပံ့ပေးရေး အကြောင်းအရာများကိုကော ဝေမျှဖူးပါသလား။

အထက်ပါကဲ့သို့အကြောင်း အရာများတွင် ကူညီပေးလိုစိတ် ဖြင့် လူမှုကွန်ရက်၌ ဝေမျှကြသူ များ မေ့လျော့နေသည့် အချက် တစ်ချက်ရှိနေသည်။ ကူညီပေး ခံရသူ၊ ကျူးလွန်ခံရသူများက သာမန်အကူအညီပေးခံရရုံမျှဖြင့်  တိုင်းသိပြည်သိဖြစ်သည့် ဖေ့စ် ဘွတ်ခ်ပေါ်တွင် သူတို့၏ပုံများ အ တင်ခံ၊ အဝေမျှခံနေရခြင်းကို နှစ် မြို့နိုင်မည်ဟု ထင်ပါသလား။

‘‘သက်ငယ်မုဒိမ်း...သက်ငယ် မုဒိမ်းနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်တင်လိုက် ရင်ကလေးပုံတွေချည်းပဲ’’ ဟု ဖေ့စ်ဘွတ်ခ် အသုံးပြုသူ ကိုစည် သူက ဒေါသသံဖြင့်ပြောသည်။

ကိုစည်သူပြောသည့်အတိုင်း ဖေ့စ်ဘွတ်ခ်ပေါ်၌ ဖော်ပြခဲ့ကြ သည့် သက်ငယ်မုဒိမ်းမှုသတင်း များတွင် ကလေးငယ်၏ ဓာတ်ပုံ ကိုသာ အဓိကထား၍ သတင်းဦး သတင်းထူးအနေဖြင့် လူအများစု က ဖော်ပြခဲ့ခြင်းဖြစ်သည်။ လှည်း တန်းဘူတာအနီး လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် ခန္ဓာကိုယ်၌ အ၀တ်မ ပါဘဲ သေဆုံးနေသည့် ကလေး ငယ်၏ဓာတ်ပုံကို ဖော်ပြခဲ့သော ပို့စ်တစ်ခု၌ Like ပြုလုပ်ခဲ့သူ အ ရေအတွက် သုံးထောင်နှင့်အထက် ရှိပြီး Share ပြုလုပ်သူ အရေအ တွက်မှာ ၉၀ ကျော်ရှိခဲ့သည်။ သို့ ရာတွင် အဆိုပါ Post ၌ အရှက် မလုံသည့် ကလေးငယ်၏ ကိုယ် ခန္ဓာကို ဖုံးကွယ်ထားခြင်းမရှိ၊ မိန်း မကိုယ်အထင်သားနှင့် သွေးပျက် ဖွယ်မြင်ကွင်းကို အရှိအတိုင်းသာ ဝေမျှပစ်ခဲ့ကြသည်။ 

ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ ခြင်းကြောင့် စိတ်ဝင်စားသူ မြင့် မားပြီး မှတ်ချက်ပေးသူများ၏ စ ကားသံမှာလည်း ပို၍ပို၍ ကရု ဏာဒေါသဆန်နေသည်။ မှတ် ချက်များတွင် ပို့စ်တင်ဆက်သူကို သတင်းနှင့် ဓာတ်ပုံဝေမျှခြင်းအ တွက် ‘ကျေးဇူးတင်ပါသည်’ ဟူသောစာသားများလည်း ပါဝင်သည်။

သို့သော် သေဆုံးသည့်က လေးငယ်၏ အရှက်မလုံသော အ နေအထားကို ဖုံးကွယ်ခြင်းမရှိဘဲ ဝေမျှမှုပြုသည်ကိုတော့ ထောက်ပြသူအနည်းအကျဉ်းသာ ရှိခဲ့သည်။

မကြာသေးမီက ရှမ်းပြည် နယ်တွင်ဖြစ်ပွားခဲ့သည့် သက်ငယ် မုဒိမ်းမှုတစ်ခု၌ အကူအညီပေးသူ တစ်ဦး၏ ပို့စ်တစ်ခုတွင်တော့ ကျူးလွန်ခံရသည့် ကလေးငယ် အား မျက်နှာချင်းဆိုင် ဗီဒီယိုအင် တာဗျူးရိုက်ကူးပြီး ယင်းဗီဒီယိုကို လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့သေးသည်။ အ ဆိုပါဗီဒီယိုကို လူအများကြည့်ရှုအပြီးတွင်တော့ ကျူးလွန်သူကို ချက်ချင်းပြစ်ဒဏ်ချရန် ဖိအားပေး ခဲ့ကြသည်။ သို့သော် ကျူးလွန်ခံရ သည့် ကလေးငယ်အတွက် တစ် ရှက်မှနှစ်ရှက်ဖြစ်စေသည့် နောက် ကွယ်မှ အကြောင်း အရာကိုတော့ ပို့စ်တင်သူနှင့် ဝေမျှသူများ မေ့ လျော့ထားကြသည်။

ကလေးသူငယ်မှုခင်းများနှင့် သက်ငယ်မုဒိမ်းကဲ့သို့သော အမှု များတွင် ကျူးလွန်ခံရသည့် က လေးငယ်များအတွက် အရေးအ ကြီးဆုံးအချက်မှာ ၎င်းတို့မည်သူ မည်ဝါဆိုသည်ကို လူအများမသိ နိုင်စေရန် ဖုံးကွယ်ပေးထားရခြင်း ပင် ဖြစ်သည်။ ယခုဗီဒီယိုတွင်မူ ကျူးလွန်ခံရသည့် ကလေးငယ်မှာ ဗီဒီယိုဖိုင်ဖြင့်ပါ တစ်တိုင်းပြည်လုံး နီးပါး သူ၏ မျက်နှာကိုပြသခြင်း ခံခဲ့ရသကဲ့သို့ ဖြစ်နေသည်။ 

‘‘ထူးဆန်းတာလေးတွေကို ပုံ နဲ့တကွ တင်နိုင်ခဲ့ရင် ကျေနပ်နေ ကြတဲ့သဘောရှိတယ်။ သက်ငယ် မုဒိမ်းတွေကို ဖော်ပြတဲ့အခါမှာ အ သိပညာပေးရာ ရောက်တယ်လို့ ဆိုနိုင်ပေမယ့်လည်း ကလေးငယ် ရဲ့ ဓာတ်ပုံမဖော်ပြသင့်ဘူးဆိုတဲ့ အတွေးအခေါ်လေးတော့ ရှိသင့် တယ်’’ဟု အမည်မဖော်လိုသော ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

လူမှုကွန်ရက်တွင် ယင်းသို့ သော ပြဿနာများနှင့် ပုံစံတူဝေ မျှမှုများ နေ့စဉ်နှင့်အမျှ မြင်တွေ့ နေရသည်။ သက်ငယ်မုဒိမ်းကို လူ အများသတိထားမိရန် မုဒိမ်းကျင့် ခံရသည့် ကျူးလွန်ခံကလေးငယ် များ၏ ဓာတ်ပုံကို ဖော်ပြကြသည်။ ယာဉ်အန္တရာယ် သတိထားဆင် ခြင်နိုင်ရန် သွေးအလိမ်းလိမ်း ခြေ ပြတ်၊ လက်ပြတ်ပုံများဖြင့် ဖော်ပြ ပေးကြသည်။ ဒုက္ခရောက်နေသူ များကိုကူညီကြရန် ကူညီပေးကမ်း နေသောပုံများဖြင့် ဝေမျှကြသည်။ အချို့ကမူတောင်းရမ်းသူ၏ ခွက် ထဲ ငွေထည့်နေသည့်ပုံမျိုးဖြင့် လူ မှုကွန်ရက်တွင် ဝေမျှကြသည်။


ဓာတ်ပုံ−စိုင်းဇော်

သက်ငယ်မုဒိမ်းနှင့်ပတ်သက်၍ သတင်းအချက်အလက်များ၊ ဓာတ်ပုံနှင့်ဗီဒီယိုများကို ဖေ့စ် ဘွတ်ခ်ပေါ်သို့ ဖော်ပြပေးခြင်း အတွက် ကျေးဇူးတင်သူများ ရှိ ခဲ့သော်လည်း ကျင့်ဝတ်နားလည် သူအချို့က မုဒိမ်းကျင့်ခံရသည့် ကလေးငယ်များ၏ ဓာတ်ပုံများကို ဖေ့စ်ဘွတ်ခ်ပေါ် ဖော်ပြသည့် အ ကောင့်များကို ဘလော့မည်ဟု ဖေ့စ်ဘွတ်ခ်အသုံးပြုသူအချို့က အတိအလင်းကြေညာကြသည်။

နေ့စဉ်မြင်တွေ့ရသော ပို့စ် အချို့၌ ကလေးငယ်တစ်ဦးမည် မျှ ဒုက္ခရောက်ရှိကြောင်း၊ သူ့အ နေဖြင့် မည်ရွေ့မည်မျှ လှူဒါန်းခဲ့ပါကြောင်း၊ ကလေးငယ်ကို ဆက် သွယ်လှူဒါန်းပေးစေလိုကြောင်း၊ အထူးသဖြင့် ယခုပို့စ်ကို ထပ်ဆင့် မျှဝေပေးစေလိုကြောင်း စသည် ဖြင့် ဝေေ၀ဆာဆာရေးသားထား သော စာသားများကို ကလေးငယ် ၏ ဓာတ်ပုံနှင့်အတူ ဖော်ပြထား သည်။

‘‘သေချာပြန်တွေးရင် က လေးသူငယ် အခွင့်အရေးကိုပါ ထိ ပါးနေတာတွေ့ရမှာပါ။ ဒါတွေကို ဟန့်တားဖို့ဆိုရင် ဖေ့စ်ဘွတ်ခ်အ သုံးပြုသူတွေကို တာဝန်ယူခြင်း၊ တာဝန်ခံခြင်း၊ ကျင့်ဝတ်လိုက်နာ ခြင်းဆိုတဲ့အရာတွေ ပညာပေးဖို့ လိုပါတယ်’’ဟု နည်းပညာဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် MIDO မှ မထိုက်ထိုက် အောင်ကပြောသည်။

တာဝန်ယူခြင်း၊ တာဝန်ခံ ခြင်းနှင့် ကျင့်ဝတ်လိုက်နာခြင်း သည် ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ အတွက် အလွန်အရေးကြီးသော အချက်ဖြစ်သည်။ အချက်သုံးချက် ၌ ကျင့်ဝတ်လိုက်နာခြင်းဟူသော အချက်သည် ကိုယ်ချင်းစာတရား ထားသည်ဟု အလွယ်ကူဆုံးနား လည်နိုင်သည်။ အရေပြားရောဂါ ကြောင့် ရုပ်ဆိုးအကျည်းတန်နေ သည့် ကလေးငယ်တစ်ဦး၏ဓာတ်ပုံကို ဖော်ပြ၍ မိမိ၏ပရဟိတစိတ် ကို ဖော်ကျူးသည်မှာ မဖြစ်သင့် သော ကိစ္စရပ်တစ်ခုဟု ကျင့်ဝတ် လိုက်နာသည့် အသိုင်းအ၀ိုင်းက လက်ခံထားသည်။

သတင်းဦး၊ သတင်းထူးဖော် ပြနိုင်လျှင် ဖေ့စ်ဘွတ်ခ်ပေါ်၌ ထင်ပေါ်ကျော်ကြားမည်ဟူသော စိတ်ကူးဖြင့် မြင်သမျှတွေ့သမျှကို ဓာတ်ပုံရိုက်၍ ဖော်ပြနေခြင်းသည် တစ်ဖက်သား၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကိုချိုးဖောက်နေခြင်း ဖြစ်သည်ဟု ဆိုရှယ်မီဒီယာအသုံး ပြုသူအချို့က လက်ခံထားသည်။

‘‘ဒီလိုမျိုးကိစ္စတွေက လွတ် လပ်ခွင့်ဆိုတဲ့ဘောင်ရဲ့ အပြင်ကို ရောက်နေပါပြီ။ ကိုယ်တိုင်မဟုတ် တဲ့ အခြားပုဂ္ဂိုလ်တစ်ဦးဦးအပေါ် ဆိုးကျိုးသက်ရောက်မှုရှိပြီဆိုတာ နဲ့ ဒီလုပ်ရပ်ကို လူ့အခွင့်အရေးလို့ သတ်မှတ်ပေးလို့မရတော့ပါဘူး’’ ဟု WWF မှ ပြန်ကြားရေးတာဝန် ခံကိုမီးမောင်က ပြောသည်။

ဖေ့စ်ဘွတ်ခ်ပေါ်၌ မဖော်ပြ သင့်သည်များ ဖော်ပြခြင်းမှာ တစ်ဦးတစ်ယောက်၏ ခံယူချက် နှင့်သာ သက်ဆိုင်သည်ဟု နေ့စဉ် ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ကိုတမန် ဦးကခံယူထားသည်။ ဖေ့စ်ဘွတ်ခ် ပေါ်၌ မဖော်ပြသင့်သည်အကြောင်းအရာဆိုသည်မှာ အများကြည့်ရှုရန် မသင့်လျော်သည်များ၊ သူတစ်ပါး၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာကို  ထိပါးထားသည့် အချက်အလက်များ  စသည့်တို့ကို ဆိုလိုခြင်းဖြစ်သည်ဟု မထိုက် ထိုက်အောင်က ဆိုသည်။

ဥပမာအားဖြင့် ညအချိန် ချိန်းတွေ့စဉ် ရဲဖမ်းခံရသည့် သမီး ရည်းစားဓာတ်ပုံများ၊ မုဒိမ်းကျင့်ခံ ရ၍ သေဆုံးသွားသည့် ကလေး ဓာတ်ပုံများ၊ ဘေးအန္တရာယ်တစ်ခု ခုကြောင့် ရုပ်ပျက်ဆင်းပျက် သေ ဆုံးနေသည့် ဓာတ်ပုံများကို မျက် နှာထင်ထင်ရှားရှားဖြင့် ဖော်ပြနေ ကြခြင်းသည် တစ်ဖက်သား၏ ဂုဏ်သိက္ခာနှင့် လွတ်လပ်ခွင့်ကို ထိပါးနေခြင်းပင်ဖြစ်သည်။

 အင်တာနက်ကွန်ရက်ကို ချိတ်ဆက်ထားသော စမတ်ဖုန်း ကိုင်ဆောင်ထားသည့် မြန်မာပြည် သူလူထုသည့် ဖေ့စ်ဘွတ်ခ်ဟူ သော ဆိုရှယ်မီဒီယာကို အားကိုး အားထားတစ်ခုအဖြစ် စွဲမြဲစွာ အသုံးပြုနေသည်။ ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူ ၄၆ သန်းခန့်ရှိပြီး ဖေ့စ်ဘွတ်ခ်ဟူသော ဆိုရှယ်မီဒီယာကို အသုံးပြုသူ ၁၂ သန်းအထိ ရှိနေခဲ့သည်။

စစ်ရေးနှင့် ပတ်သက်နေ သည့် သတင်းနှင့်ဓာတ်ပုံများ၊ ဘာသာရေးနှင့်ပတ်သက်၍ အ မုန်းပွားဖွယ်ကိစ္စရပ်များကို ဖော် ပြခြင်းသည် ဥပဒေအရ အလျင် အမြန် အရေးယူခံရဖွယ်ရှိသည့် ကိစ္စရပ်များဖြစ်သည်။ လူတစ်ဦး ဦး၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေး ကို ချိုးဖောက်၍သော်လည်းကောင်း၊ အထူးသဖြင့် ကိုယ်ပိုင်ဆုံးဖြတ် နိုင်စွမ်းမရှိသေးသည့် ကလေးငယ် များ၏ ဂုဏ်သိက္ခာနှင့် အခွင့်အ ရေးကို ချိုးဖောက်၍သော်လည်း ကောင်း သတင်းနှင့်ဓာတ်ပုံများ ဖော်ပြနေခြင်းသည် ဥပဒေအရအ ရေးယူခံရနိုင်သည့် ကိစ္စရပ်များ ပင်ဖြစ်သည်။

ဓာတ်ပုံ−စိုင်းဇော်

 ‘‘အင်တာနက်ကိုသုံးပြီး တော့ ကိုယ်ရေးကိုယ်တာ ချိုး ဖောက်တာကိုလုပ်နေကြတာဟာ ဥပဒေကို မသိနားမလည်ကြလို့ပါ။ အရေးယူ  ခံရနိုင်တယ်ဆိုတာ လည်း မသိကြဘူး။ ကလေးသူ ငယ် အခွင့်အရေးဆိုတာလည်း မသိကြဘူး။ Right ဆိုတဲ့အသုံးအ နှုန်းတစ်ခုပေါ်မှာ တလွဲအသုံးချနေ ကြတယ်။ Cyber Crime က လည်း ထိထိရောက်ရောက်မလုပ် ဘူး။ ကျွမ်းကျင်ပညာရှင်လည်းမရှိ ဘူး။ Digital Right နဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်လူမှု ကျင့် ၀တ်တွေကို သိရှိနားလည်လာ အောင် လုပ်တဲ့နေရာမှာ ထင်ပေါ် ကျော်ကြားသူတွေရဲ့ လှုပ်ရှားမှုက လည်း အရေးပါတယ်’’ဟု ကွန် ပျူတာအင်ဂျင်နီယာ ကိုနေ၀င်း အောင်က ပြောသည်။ 

ကလေးသူငယ်၏ အခွင့်အ ရေးနှင့် ဂုဏ်သိက္ခာကို ချိုးဖောက် ၍ သတင်းဓာတ်ပုံများကို မိမိနာ မည်ကြီးလိုမှုအတွက် ဆိုရှယ်မီဒီ ယာ၌ အလုအယက် ဖော်ပြနေကြ သည်ကို ဥပဒေအရ ထိရောက်စွာ ကြားခံအရေးယူပေးမည့်သူ ပေါ် ပေါက်လာခြင်း မရှိသေးသော် လည်း နိုင်ငံတော်အကြီးအကဲများ ၏ ဂုဏ်သိက္ခာကို ထိပါးသည်ဆို ကာ သတင်းနှင့် ဓာတ်ပုံဖော်ပြသူ များကို ကြားခံအရေးယူပေးသူ များ ပေါ်ပေါက်ခဲ့သည်။

ဆက်သွယ်ရေးဥပဒေဆိုင် ရာ သုတေသနအဖွဲ့၏ ထုတ်ပြန် ချက်အရ အရပ်သားအစိုးရလက် ထက်တွင် ၆၆(ဃ)ဖြင့် တရားစွဲခံ ရသူ ၃၄ ဦးအထိ ရှိခဲ့သည်။တရားစွဲဆိုမှုများကို လေ့လာကြည့်ပါက နိုင်ငံတော်အကြီးအကဲများ၊ လွှတ် တော်ကိုယ်စားလှယ်များနှင့် ပါတီ ကြီးများအတွက် ဂုဏ်သိက္ခာနစ် နာသည်ဟု ယူဆထားသည်များ ကိုသာရွေးချယ်၍ အာမခံမရသောပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။

ကလေးငယ်များ၏ အခွင့် အရေးနှင့် ဂုဏ်သိက္ခာကိုကျဆင်း စေသော စကားလုံးအသုံးအနှုန်း များနှင့် ဓာတ်ပုံ၊ ဗီဒီယိုများ ဖေ့စ် ဘွတ်ခ်စာမျက်နှာ၌ ပျံ့နှံ့နေသော် လည်း မည်သူတစ်ဦးတစ်ယောက် မျှ ကြားခံ၍ ဖော်ပြသူကိုတရား စွဲဆိုခြင်း မရှိခဲ့ပေ။ ‘‘ဖွံ့ဖြိုးပြီး နိုင်ငံ ကြီးတွေမှာတောင် ဆိုရှယ်မီဒီ ယာနဲ့ပတ်သက်ပြီး ငြင်းခုံဆွေးနွေး တာတွေ၊ စိစစ်တာတွေ လုပ်နေရ တာပါ။ အခုမှ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် မြင်ဖူးသူတွေ အနေနဲ့ကတော့ တာဝန်သိစွာ အ သုံးချတတ်ဖို့ဆိုတာ အရပ်ဘက် အဖွဲ့အစည်းတွေက ပညာပေးမှ ဖြစ်ပါမယ်’’ဟု Crown Education မှ ကိုအောင်ကျော်ဆန်းက ပြော သည်။

Citizen Journalist ဟုတင် စားခြင်းခံထားရသည့် ဖေ့စ်ဘွတ်ခ် အသုံးပြုသူများ၏ သတင်းအချက် အလက်နှင့် ဓာတ်ပုံများဖော်ပြ  ခြင်းကြောင့် လူမှုပတ်ဝန်းကျင်၌ ကောင်းကျိုးများတိုးပွားလာသည် ကိုလည်း လက်ခံရမည်ဖြစ်သည်။ ဥပမာအားဖြင့် ခုံးကျော်တံတား တစ်ခုပေါ်၌ ကားပြန်ကွေ့ခဲ့သော ယာဉ်မောင်းကို ဓာတ်ပုံနှင့်တကွ ဖော်ပြနိုင်ခဲ့ခြင်းကြောင့် အရေးယူ ဆောင်ရွက်နိုင်ခဲ့သည်။ အလားတူ ရန်ကုန်မြို့ရှိ ယာဉ်နောက်လိုက် များ၏ ရမ်းကားမှုများကိုလည်း ဓာတ်ပုံနှင့်တကွ ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌ ဖော်ပြနိုင်ခြင်းကြောင့် အရေးယူဆောင်ရွက်နိုင်သည်များ လည်း ရှိနေသည်။

အကောင်းနှင့် အဆိုးယှဉ်တွဲ နေသည့် ဆိုရှယ်မီဒီယာကို အသုံး ပြုရာ၌ မိမိ၏နာမည်ထင်ပေါ်လို ၍ သူတစ်ပါး၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို မထိပါးရန်လိုအပ် ကြောင်း ဥပဒေပညာရှင်များက သတိပေးထားသည်။ လွတ်လပ်မှု နှင့်အတူ ရှုပ်ထွေးပွေလီလှသည့် ဖေ့စ်ဘွတ်ခ်အသုံးပြုမှုအပေါ် ‘‘အ ရင်ကတော့ ပျားရည်တစ်စက် ကြောင့် ပြည်ပျက်တာ။ အခုက တော့ ကလစ်တစ်ချက်ကြောင့် ပြည်ပျက်တာဖြစ်နေပြီ’’ ဟု ရန် ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ကိုနေဘုန်းလတ် က မှတ်ချက်ပြုခဲ့သည်။

ကျင့်ဝတ်ဆိုသည်နှင့် ကျယ် ပြန့်များပြားလွန်းသည့် စောင့်ထိန်း ရမည့် စည်းကမ်းများအဖြစ် ထင် မြင်နိုင်သော်လည်း လူမှုကွန်ရက် နှင့်ပတ်သက်သည့် ရိုးရှင်းလွယ် ကူသော အချက်များကို ကျွမ်းကျင် သူအချို့က အကြံပြုထားသည်များ ကိုဖော်ပြပေးထားပါသည်။ ကလေး သူငယ် မှုခင်းများနှင့်ပတ်သက်၍ ဓာတ်ပုံများ ဖော်ပြသည့်အခါ မျက်နှာများကို အတတ်နိုင်ဆုံး မ ဖော်ပြရန် ပထမအချက်ဖြစ်သည်။ မုဒိမ်းပြုကျင့်ခံရသည့် ကလေး ငယ်မျက်နှာကို ဖော်ပြရန်ဝေးစွ၊ အမြင့်ဆုံး ရာဇ၀တ်မှုကျူးလွန်သူ ကို ဖော်ပြသည့်အခါ တရားရုံး အ မိန့်မချမှတ်ရသေး၍ တရားခံမ မည်သေးသောကြောင့် မျက်နှာများကို ဖုံးအုပ်ထားရမည်ဖြစ်သည်။

ရုပ်ပျက်ဆင်းပျက်ဖြစ်ပေါ် နေသည့် သေဆုံးသူပုံများ၊ ၀တ် လစ်စားလစ်နှင့်သေဆုံးနေသည့်ပုံ များကို ဖော်ပြလိုပါက တတ်နိုင် သမျှ ဖုံးအုပ်ပြင်ဆင်ပြီးမှ ဖော်ပြရ မည်ဖြစ်သည်။ သက်ဆိုင်သူ၏ မိသားစုဝင်နှင့် သေဆုံးသူကာယ ကံရှင်နေရာ၌ ကိုယ်ချင်းစာတရား ထားရှိတတ်မည်ဆိုပါကပြန်လည် စွာ စောင့်ထိန်းလိုက်နာနိုင်သော ကျင့်ဝတ်လည်းဖြစ်သည်။

အထူးသတိထားသင့်သည့် ကျင့်ဝတ်သည် အရာအားလုံးကို ငြင်းဆန်နိုင်ရန် အခက်အခဲရှိ သည့် ကလေးငယ်များ၏ ဓာတ်ပုံ များကို ဖော်ပြသည့်အခါဖြစ် သည်။ အနာရောဂါသည် ကလေး ငယ်များအတွက် အကူအညီရရှိ ရန်အလို့ငှာ စေတနာသန့်စွာဖြင့် ဆိုရှယ်မီဒီယာအသုံးပြုသူများက ဖော်ပြခဲ့သော်လည်း ကလေးငယ် ၏ အရှက်သိက္ခာနှင့် ကြီးပြင်းလာ မည့် ကလေးငယ်၏ လူမှုဘ၀ကို စာနာရမည်ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ အ ကူအညီပေးလိုသည့်အနေဖြင့် ဝေ မျှလိုသော်ငြား မိမိဝေမျှမည့် အ ကြောင်းအရာတိုင်းကို ခံရသူအ တွက် နောက်ဆက်တွဲ ဂုဏ်သိက္ခာ မထိခိုက်ရန် မဝေမျှမီ အကြိမ်ကြိမ် စဉ်း စားရန်ပင်ဖြစ်သည်။

လူမှုကွန်ရက်တွင် ပျောက်ဆုံးနေသော ကျင့်ဝတ် လူမှုကွန်ရက်တွင် ပျောက်ဆုံးနေသော ကျင့်ဝတ် Reviewed by The Collector on Wednesday, December 28, 2016 Rating: 5

No comments