ဖုန်းအသုံးပြုသူများ၏အချက်အလက်များ အစိုးရတောင်းခံမှုနှင့် ပတ်သက်၍ ကြားခံအဖွဲ့အစည်းတစ်ခုဖွဲ့စည်းမည်


လက်ရှိတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၈၄ဦး၏ အချက်အလက်များတောင်းခံရာ ၁၃ ဦးအတွက် ထုတ်ပေးခဲ့သည်ဆိုသည်။ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

 အော်ပရေတာများအ နေဖြင့် မိုဘိုင်းဖုန်းအသုံးပြုသူများ ၏အချက်အလက်များကို ထုတ် ပေးရန် အစိုးရက တောင်းဆိုသည့် အခါ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ပေးနိုင်ရန်  ကြားခံအဖွဲ့အ စည်းတစ်ခု   ဖွဲ့စည်းသွားမည်ဟု ဆက်သွယ်ရေး  ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ပြောသည်။

  အချက်အလက်ထုတ်ပေး ရေးနှင့် ပတ်သက်၍ ကြားခံတာ ဝန်ယူဆောင်ရွက်မည့်  အဖွဲ့အ စည်းဖွဲ့စည်းနိုင်ရန်  ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပြည် ထဲရေးဝန်ကြီးဌာနအကြား ဆွေး နွေးမှုများပြုလုပ်နေဆဲဖြစ်သည်။

‘‘ဥပဒေမှာပါတယ်။ အချက် အလက်ထုတ်ပေးဖို့ ပြည်ထောင်စုအစိုးရက တာဝန်ပေးလို့ရတယ်။ အဖွဲ့အစည်းတစ်ရပ်ဖွဲ့ရမယ်။ အဲဒါကို ကျွန်တော်တို့ ပြည်ထဲ ရေးနဲ့ ဆွေးနွေးနေတယ်’’ဟု ဦးစိုး သိန်းက ပြောသည်။


 အချက်အလက်ထုတ်ပေး ရန်တိတိကျကျ လုပ်ထုံးလုပ်နည်းများ မရှိသည့် အချိန်ကာလတွင် အစိုးရအနေဖြင့် ဆက်သွယ်ရေးအော်ပရေတာများထံမှ မိုဘိုင်းဖုန်းအသုံးပြုသူ၏ အချက်အလက်များကို တောင်းခံခဲ့ခြင်းများ ရှိခဲ့သည်။ ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနော၏ထုတ်ဖော် ပြောဆိုမှုအရ အစိုးရက ၎င်းတို့ထံမှ မိုဘိုင်းဖုန်းအသုံးပြုသူ ၈၄ ဦး၏အချက်အလက်ကို ထုတ်ပေးရန် တောင်းခံခဲ့သည်။

‘‘၁၃ ခုရဲ့အချက်အလက်ကို တော့ ထုတ်ပေးခဲ့ပါတယ်။ ဘယ် လိုကိစ္စတွေမှာ လုပ်ပေးခဲ့တာလဲ ဆိုတော့ မူးယစ်ဆေးဝါးမှု၊ လူ သတ်မှု၊ အကြမ်းဖက်မှုတို့ အဲဒီ အပေါ်မှာ မူတည်ပြီးတော့ ထုတ် ပေးခဲ့တာပါ။ တချို့နိုင်ငံတွေမှာ လို ကွန်ရက်ကို ပိတ်လိုက်ပါဆိုတဲ့ တောင်းဆိုမှုမျိုးတော့ မရှိဘူး။ ကြားဖြတ် နားထောင်တာတွေ လည်း မရှိပါဘူး’’ဟု တယ်လီနော စီအီးအို Mr.Lars Erik Tellmann က ပြောသည်။

အစိုးရတောင်းဆိုခဲ့သော မို ဘိုင်းဖုန်းအသုံးပြုသူ၏အချက် အလက်ဆိုင်ရာ ထုတ်ပေးရန် ဆိုက်ဘာရာဇဝတ်မှု ဆိုင်ရာဥပဒေကို ဥရောပကောင်စီအကူအညီဖြင့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်၌ စတင်ရေးဆွဲနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

‘‘သာမန်အားဖြင့် ကျွန်တော် တို့က ပါစရာမရှိဘူး။ အဖွဲ့ဖွဲ့ပြီး သွားရင် အဲဒီအဖွဲ့မှာ ဘယ်သူတွေပါမလဲ။ ဘယ်လိုတောင်းမှာလဲ။ ဒါတွေပြီးသွားရင် အော်ပရေတာ တွေနဲ့ပဲ တိုက်ရိုက်လုပ်သွားတော့ မှာ။ ကျွန်တော်တို့ မပါတော့ဘူး’’ ဟု ဦးစိုးသိန်းက ပြောသည်။ လက်ရှိတွင် ယင်း အချက်အလက်ထုတ်ပေးခြင်းကို အော်ပရေတာများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ ညှိနှိုင်းလုပ်ဆောင်နေကြသည်။

ဖုန်းအသုံးပြုသူများ၏အချက်အလက်များ အစိုးရတောင်းခံမှုနှင့် ပတ်သက်၍ ကြားခံအဖွဲ့အစည်းတစ်ခုဖွဲ့စည်းမည် ဖုန်းအသုံးပြုသူများ၏အချက်အလက်များ အစိုးရတောင်းခံမှုနှင့် ပတ်သက်၍ ကြားခံအဖွဲ့အစည်းတစ်ခုဖွဲ့စည်းမည် Reviewed by The Collector on Friday, December 09, 2016 Rating: 5

No comments