စာကြည့်တိုက်အားလုံးနှင့် ချိတ်ဆက်နိုင်သည့် မိုဘိုင်းအက်ပလီကေးရှင်း မိတ်ဆက်


 မြန်မာနိုင်ငံရှိ စာကြည့် တိုက်များအား ချိတ်ဆက်ပေးမည့် မိုဘိုင်း  အက်ပလီကေးရှင်းကို Myanmar Links က မိတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။

စာကြည့်တိုက်များ ကွန်ရက် အတွက် Save The Library အ မည်ရှိ အက်ပလီကေးရှင်းကို Myanmar Links က ဖန်တီးခဲ့ ခြင်းဖြစ်ပြီး မည်သူမဆို အခမဲ့အ သုံးပြုခွင့်ရရှိမည်ဖြစ်သည်။ ‘‘တစ် နိုင်ငံလုံးမှာရှိတဲ့ စာကြည့်တိုက် တွေရဲ့ စာရင်းကိုလည်း ကြည့်နိုင် မယ်။ မြေပုံတွေနဲ့တကွ ကြည့်နိုင် တဲ့အပြင် ဖုန်းလည်း ဆက်နိုင် တယ်’’ဟု Myanmar Links မှ ကိုစိုးသီဟနောင်က  ပြောကြား သည်။


မြန်မာနိုင်ငံရှိ စာကြည့်တိုက် များအချင်းချင်းဆက်သွယ်၍ ပူး ပေါင်းဆောင်ရွက်မှုများ လုပ် ဆောင်နိုင်ရန် ရည်ရွယ်ထားပြီး အက်ပလီကေးရှင်း၌ PDF စာ အုပ်များနှင့် စာပေလောက သ တင်းများကို တင်ဆက်ပေးမည်ဟု Myanmar Links မှ သတင်းရရှိ သည်။

စာကြည့်တိုက်များနှင့် ချိတ် ဆက်နိုင်သည့် အက်ပလီကေးရှင်း ကို ဇော်ဂျီဖောင့်နှင့် ယူနီကုတ် ဖောင့်နှစ်မျိုးစလုံးနှင့် အသုံးပြုနိုင် ရန် စီစဉ်ထားပြီး Android ဖုန်း များတွင် အသုံးပြုနိုင်သည်။‘‘အက် ပလီကေးရှင်းကို iOS ဗားရှင်းအ နေနဲ့ ထပ်ရေးနေပါပြီ။ ၀က်ဘ် ဗားရှင်းလည်း ဆက်လုပ်သွားပါ မယ်’’ ဟု ကိုစိုးသီဟနောင်ကပြော သည်။

စာကြည့်တိုက်များနှင့် ချိတ် ဆက်နိုင်သည့် အက်ပလီကေး ရှင်းကို Save The Library အ မည်ဖြင့် Play Store တွင် ရယူ နိုင်သည်။

စာကြည့်တိုက်အားလုံးနှင့် ချိတ်ဆက်နိုင်သည့် မိုဘိုင်းအက်ပလီကေးရှင်း မိတ်ဆက် စာကြည့်တိုက်အားလုံးနှင့် ချိတ်ဆက်နိုင်သည့် မိုဘိုင်းအက်ပလီကေးရှင်း မိတ်ဆက် Reviewed by The Collector on Friday, December 02, 2016 Rating: 5

No comments