၂၀၁၇ အလုပ်အကိုင်ပြပွဲတွင် ဒစ်ဂျစ်တယ်လျှောက်လွှာကိုသာ လက်ခံမည်


၂၀၁၇ ဇန်န၀ါရီ ၂၂ ရက် တွင် ကျင်းပမည့်အလုပ်အကိုင်ပြ ပွဲ၌ စာရွက်အသုံးပြုသည့် လျှောက်လွှာကို လက်ခံမည်မဟုတ်ဘဲ  ဒစ်ဂျစ်တယ်နည်းပညာသုံး လျှောက်လွှာများကိုသာ လက်ခံဆောင်ရွက်မည်ဟု ပြည်တွင်းအလုပ်အကိုင်နှင့်ပတ်သက်၍ ၀န်ဆောင်မှုပေးနေသည့် work.com.mm က သတင်းထုတ်ပြန်ထားသည်။

အလုပ်အကိုင်လျှောက်ထား လိုသူသည် ကိုယ်ရေးအချက်အ လက်များကို work.com.mm ၏ ၀က်ဘ်ဆိုက်တွင် ကြိုတင်ဖြည့် သွင်းရမည်ဖြစ်ပြီး အလုပ်အကိုင် ပြပွဲသို့ရောက်ရှိသည့်အခါ အလုပ် လျှောက်ထားလိုသည့် ကုမ္ပဏီဆီ သို့ အွန်လိုင်းအသုံးပြု၍ လျှောက် လွှာပေးပို့ရမည် ဖြစ်သည်။


၂၀၁၇ ၏ ပထမဆုံးအလုပ် အကိုင်ပြပွဲကို International Business Centre(IBC) တွင် ဇန်န၀ါရီ ၂၂ ရက်၌ ကျင်းပမည် ဖြစ်ပြီး ပြည်တွင်းမှကုမ္ပဏီပေါင်း ၃၆ ခုက အလုပ်အကိုင်များခေါ်ယူမည် ဖြစ်သည်။ ‘‘ပွဲမှာ မိုဘိုင်းဖုန်းကနေ အင်တာနက်အသုံးပြုနိုင်ဖို့ စီစဉ်ပေးထားပါတယ်’’ဟု work.com.mm မှ ပြန်ကြားရေးတာဝန် ခံက ပြောသည်။

စာရွက်လျှောက်လွှာ အသုံးမပြုဘဲ ဒစ်ဂျစ်တယ်လျှောက် လွှာတစ်ခုတည်းဖြင့်သာ အလုပ်အကိုင်လျှောက်ထားနိုင်မည့် Job Fair ကို work.com. အခြေစိုက်သည့် အခြားအာရှနိုင်ငံများတွင် စမ်းသပ်ဆောင်ရွက်ရသေးခြင်း မရှိဘဲ မြန်မာနိုင်ငံတစ်ခုတည်း ကသာ စတင်စမ်းသပ်ဆောင်ရွက် မည် ဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် အလုပ် အကိုင်လျှောက်ထားခြင်းကို မို ဘိုင်းဖုန်းများမှတစ်ဆင့် ၇၀ ရာခိုင် နှုန်းလုပ်ဆောင်ခဲ့ကြပြီး အိမ်သုံးကွန်ပျူတာများမှတစ်ဆင့် ၂၇ ရာခိုင်နှုန်းက လုပ်ဆောင်ခဲ့ကြောင်း  အွန်လိုင်းမှအလုပ်အကိုင်လျှောက်ထားမှုနှင့်ပတ်သက်၍  work.com.mmက လေ့လာတွေ့ရှိထားသည်။  အလားတူတက်ဘလက်ကို ၃  ရာခိုင်နှုန်းကအသုံးပြု၍ လုပ်ဆောင် ခဲ့ကြသည်။

၂၀၁၇ အလုပ်အကိုင်ပြပွဲတွင် ဒစ်ဂျစ်တယ်လျှောက်လွှာကိုသာ လက်ခံမည် ၂၀၁၇ အလုပ်အကိုင်ပြပွဲတွင် ဒစ်ဂျစ်တယ်လျှောက်လွှာကိုသာ လက်ခံမည် Reviewed by The Collector on Wednesday, December 28, 2016 Rating: 5

No comments