ပြည်တွင်း မိုဘိုင်းဖုန်းသုံးစွဲသူများ အချက်အလက်ရှာဖွေအသုံးချနိုင်မှုတွင် လိုအပ်ချက်များရှိနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြ


မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲနေစဉ်(ဓာတ်ပုံ−စိုင်းဇော်)

 မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်း ဖြင့် အင်တာနက်အသုံးပြုသူများ သည် အင်တာနက်မှ အချက်အ လက်များ ရှာဖွေအသုံးချနိုင်မှုစွမ်း ရည် လိုအပ်ချက်များရှိနေသေး သည်ဟု သီရိလင်္ကာနိုင်ငံအခြေ စိုက်သုတေသနအဖွဲ့တစ်ခုဖြစ် သည့် LIRNEasia ၏ စစ်တမ်း တစ်ခုအရ သိရသည်။

အခြေခံအိုင်စီတီ အသုံးပြုမှု စစ်တမ်းကို မြန်မာနိုင်ငံ၌သြဂုတ် အတွင်း ကောက်ယူခဲ့သည့် အ ချက်အလက်များအရ မိုဘိုင်းဖုန်း ဖြင့် အင်တာနက်အသုံးပြုသူများ သည် ဒစ်ဂျစ်တယ်နည်းပညာအ သုံးချနိုင်မှုစွမ်းရည် နည်းပါးနေ ခြင်းကြောင့် အင်တာနက်ပေါ်၌ လိုအပ်သော အချက်အလက်များ ရှာဖွေရန် အခက်အခဲရှိနေသည်။


‘‘အွန်လိုင်းဝန်ဆောင်မှုတွေ၊ တခြားသော eGovernment ၀န် ဆောင်မှုတွေနဲ့ အသေးစားအ လုပ်အကိုင်အခွင့်အလမ်းတွေကို ခံစားရရှိနိုင်ဖို့ အခက်အခဲဖြစ်နေ ပါသေးတယ်။ မိုဘိုင်းဖုန်း ပိုင် ဆိုင်သူ အားလုံးမှာ အမျိုးသား ၂၄ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၉ ရာခိုင်နှုန်းကသာ အင်တာနက် ပေါ်က အချက်အလက်တွေကို ရှာဖွေနိုင်ကြပါတယ်’’ဟုLIRNE- asia စီအီးအို Ms. Helani Galpaya ကပြောသည်။

မြန်မာနိုင်ငံသည် ဒစ်ဂျစ် တယ်နည်းပညာ အသုံးချနိုင်မှု စွမ်းရည်လိုအပ်ချက်ကို ဖြေရှင်း ရန် အမျိုးသမီးများကို အထူးအ လေးပေးထည့်သွင်းစဉ်းစားရန် လိုအပ်နေသည်ဟု LIRNEasia က အကြံပြုသည်။ အင်တာနက် ပေါ်၌ မိခင်ဘာသာစကားဖြင့်ရေး သားထားသည့် အကြောင်းအရာ များ ပိုမိုများပြားလာရန်နှင့် အင် တာနက်အသုံးပြုခများမှာလည်း လူတိုင်းအသုံးပြုနိုင်သည့် အဖိုးအခများဖြစ်လာရန် လိုအပ်သည်ဟု အကြံပြုချက်၌ ဖော်ပြပါရှိသည်။

LIRNEasia သည်ပြည်တွင်း နည်းပညာဆိုင်ရာ အရပ်ဘက်အ ဖွဲ့အစည်းတစ်ခုဖြစ်သည့် MIDO နှင့် ပူးပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လူဦးရေ ၇,၅၀၀ အား တွေ့ဆုံမေးမြန်းထားသည့် အချက်အလက်များကို အခြေခံ၍ စစ်တမ်း ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။ နယ်မြေမငြိမ်သက် သည့် မြို့နယ်ပေါင်း ၃၂ မြို့နယ် မှလွဲ၍ အခြားသော မြို့နယ်များ ရှိ အသက် (၁၅) နှစ်မှ (၆၉) နှစ် အတွင်း အများပြည်သူများကို မေးမြန်းထားခြင်းဖြစ်၍ မှန်ကန်မှု က ၉၅ ရာခိုင်နှုန်းရှိသည်ဟု LIRNEasia က ကြေညာသည်။

ပြည်တွင်း မိုဘိုင်းဖုန်းသုံးစွဲသူများ အချက်အလက်ရှာဖွေအသုံးချနိုင်မှုတွင် လိုအပ်ချက်များရှိနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြ ပြည်တွင်း မိုဘိုင်းဖုန်းသုံးစွဲသူများ အချက်အလက်ရှာဖွေအသုံးချနိုင်မှုတွင် လိုအပ်ချက်များရှိနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြ Reviewed by The Collector on Wednesday, December 28, 2016 Rating: 5

No comments