စာတိုက်များ၌ ဆင်းမ်ကတ်မှတ်ပုံတင်နိုင်


ဆင်းမ်ကတ်များကို ၂၀၁၇ မတ်လကုန် နောက်ဆုံးထား၍ မှတ်ပုံတင်ရန် သတ်မှတ်ထားသည်။ (ဓာတ်ပုံ − နစ်ကီ)

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မြို့နယ်အနှံ့အပြား ၌ ဖွင့်လှစ်ထားသည့် စာတိုက် ပေါင်း ၈၀၀ ၌ ဆင်းမ်ကတ်မှတ် ပုံတင်ခြင်းကို လက်ခံဆောင်ရွက် ပေးမည်ဟု သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် စာတိုက်ရုံးများ၌ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုကို စတင်ပြီး ဇန်နဝါရီအတွင်း အွန်လိုင်းမှတစ်ဆင့်ဆင်းမ်ကတ်မှတ်ပုံတင်နိုင်သော မိုဘိုင်းအက်ပလီကေးရှင်းကို ဆက်လက် မိတ်ဆက်မည်ဟု သတင်းထုတ်ပြန်ထားသည်။

ဆင်းမ်ကတ်များကို မှတ်ပုံတင်ရန် နောက်ဆုံး သတ်မှတ်ထားသည့် နေ့ရက်မှာ တဖြည်းဖြည်း နီးကပ်လာပြီး နောက် ဆက်သွယ်ရေး အော်ပရေတာများသည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို နည်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်နိုင်ရန် ကမ်းလှမ်းလာကြခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း၌ မိုဘိုင်းဆင်းမ်ကတ် အသုံးပြု သူ ၂၁ သန်းရှိပြီး မှတ်ပုံတင်သူ၁၃ သန်းသာရှိသည်။

  မိုဘိုင်း ဆင်းမ်ကတ်များ ကို မတ်လကုန်၌ မှတ်ပုံတင် ထားခြင်းမရှိပါက ယာယီပိတ် သိမ်းမှုများ ပြုလုပ်မည်ဖြစ်၍ အသုံးပြုသူ လျော့ကျမသွားစေ ရန် အော်ပရေတာများက ဝန် ဆောင်မှုကို နည်းမျိုးစုံဖြင့် ပေး အပ်နေခြင်းဖြစ်သည်။

  ကျေးရွာများ အရောက် ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း၊ တက္ကသိုလ်များအရောက် သွား ရောက်၍ ဆင်းမ်ကတ်မှတ်ပုံတင် စေခြင်း၊ အင်တာနက် အသုံးပြု ၍ ဆင်းမ်ကတ်မှတ်ပုံတင်စေခြင်း စသည်ဖြင့် ဆက်သွယ်ရေးအော် ပရေတာအားလုံးသည် ဆင်းမ် ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ကို အပြိုင်အဆိုင် ဝန်ဆောင်မှုများ ပေးအပ်နေသည်။

ဆင်းမ်ကတ်များ မှတ်ပုံတင် ခြင်းသည် ရာဇဝတ်မှုများကို နောက်ယောင်ခံခြင်းနှင့် အီလက်ထရွန်နစ် ဝန်ဆောင်မှုများကို ရယူအသုံးပြုခြင်း၌ အထောက်အကူပြုမည်ဖြစ်သည်။

ဆက်သွယ်ရေးအော်ပရေ တာများ၏ ထုတ်ပြန်ပြောကြားချက်အရ ဆင်းမ်ကတ်မှတ်ပုံတင် ခြင်းကို မိမိမှတ်ပုံတင်ဖြင့် အခြားသူများအတွက် ကြားခံဝန်ဆောင် မှု ပြုလုပ်ထားပါက အကျိုးဆက်နှင့် ပိုင်ဆိုင်မှုမှာ မှတ်ပုံတင်ထားသူနှင့်သာ  သက်ဆိုင်သည်ဟု သတင်းရရှိသည်။

 

စာတိုက်များ၌ ဆင်းမ်ကတ်မှတ်ပုံတင်နိုင် စာတိုက်များ၌ ဆင်းမ်ကတ်မှတ်ပုံတင်နိုင် Reviewed by The Collector on Wednesday, December 28, 2016 Rating: 5

No comments