မြန်မာနိုင်ငံရှိ ထိပ်တန်းကုမ္ပဏီ ၁၀၀ အနက် ကုမ္ပဏီ ၃၀ ကျော် ကိုယ်ပိုင်ဝက်ဘ်ဆိုက်မရှိသေး


 မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေးကုမ္ပဏီ ၁၀၀ တွင် ကုမ္ပ ဏီ ၃၄ ခုသည် ကုမ္ပဏီဝက်ဘ် ဆိုက်လွှင့်တင်နိုင်ခြင်း မရှိသေး ကြောင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုက သတင်း ထုတ်ပြန်သည်။

အဆိုပါ မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အ ထောက်အကူပြုဌာန၏ ၂၀၁၆ ပွင့်သစ်စစီမံချက် တတိယအ ကြိမ် အစီရင်ခံစာ၌ မြန်မာနိုင်ငံရှိ ထိပ်တန်းကုမ္ပဏီ ၁၀၀ တွင် ကုမ္ပဏီ ၃၄ ခုက ၀က်ဘ်ဆိုက်မရှိ သေးကြောင်း ဖော်ပြထားသည်။

ထိပ်တန်းကုမ္ပဏီစာရင်းဆို သည်မှာ အခွန်ထမ်းဆောင်သူ များစာရင်းကို အခြေခံ၍ သတ် မှတ်ခြင်းဖြစ်ပြီး ၀က်ဘ်ဆိုက်မရှိ သော ကုမ္ပဏီများသည်အများဖြင့် ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာကုမ္ပဏီများဖြစ်သည်။ ၀က်ဘ်ဆိုက်မရှိသော ကုမ္ပဏီ အချို့သည် နိုင်ငံတကာကုမ္ပဏီ များနှင့် မိတ်ဖက်အဖြစ် လက်တွဲ လုပ်ဆောင်နေသူများလည်းပါ ၀င်သည်ဟု အစီရင်ခံစာ၌ ဖော်ပြ ထားသည်။


၂၀၁၆ အတွင်း ပွင့်လင်းမြင် သာမှုအရှိဆုံးစာရင်းဝင်ခဲ့သည့် ကုမ္ပဏီများသည် မူဝါဒများကို မြန်မာဘာသာဖြင့် ၀က်ဘ်ဆိုက် ပေါ်၌ ဖော်ပြရာတွင် တိုးတက်မှု ရှိခဲ့သူများဖြစ်သည်။ ၀က်ဘ်ဆိုက်ပေါ်၌ မြန်မာဘာသာဖြင့် ထုတ်ပြန်ထားခြင်း မရှိခြင်းကြောင့် ကုမ္ပဏီနှင့် အဓိကပါဝင် ဆက် နွှယ်နေသူများကို ဆက်သွယ်ရာ တွင်လည်းကောင်း၊အလုပ်သမား များအနေဖြင့် ချမှတ်ထားသော မူဝါဒများကို နားလည်မှုရှိ၊မရှိ ဆို ခြင်းနှင့် ပတ်သက်၍လည်း ကောင်း မေးခွန်းထုတ်စရာများ ဖြစ်လာသည်ဟု ပွင့်သစ်စ အစီ ရင်ခံစာ၌ ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာ ၀န်ယူမှုရှိရေး အထောက်အကူပြု ဌာန၏ ၂၀၁၅ စစ်တမ်းအရ ထိပ် တန်းကုမ္ပဏီ ၁၀၀ တွင် ၀က်ဘ် ဆိုက်မရှိသော ကုမ္ပဏီ ၃၉ ခုရှိခဲ့ သဖြင့် ၂၀၁၆ သည် ကုမ္ပဏီ ၀က်ဘ်ဆိုက်လွှင့်တင်မှု အဆင့် တစ်ခု တိုးတက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ထိပ်တန်းကုမ္ပဏီ ၁၀၀ အနက် ကုမ္ပဏီ ၃၀ ကျော် ကိုယ်ပိုင်ဝက်ဘ်ဆိုက်မရှိသေး မြန်မာနိုင်ငံရှိ ထိပ်တန်းကုမ္ပဏီ ၁၀၀ အနက် ကုမ္ပဏီ ၃၀ ကျော် ကိုယ်ပိုင်ဝက်ဘ်ဆိုက်မရှိသေး Reviewed by The Collector on Wednesday, December 28, 2016 Rating: 5

No comments