ယခုနှစ်အတွင်း ကင်မရာအရည်အသွေးမြင့် ဟန်းဆက်များ ဈေးကွက်ဦးစားပေးဖြန့်ချိ


ကင်မရာအရည်အသွေးမြင့် ဟန်းဆက်ဈေးကွက်မှာ နှစ်စဉ်အရောင်းမြင့်တက်လျက်ရှိသည်။(ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

ယခုနှစ်အတွင်း ပြည် တွင်းဈေးကွက်သို့ ဝင်ရောက်ဖြန့် ချိသော နိုင်ငံပေါင်းစုံမှ ဟန်းဆက်များသည် ကင်မရာအရည်အသွေးကို ဦးစားပေး ဖြန့်ချိခဲ့ခြင်းဖြစ်သည်ဟု ဟန်းဆက်ဈေးကွက်မှ စုံစမ်းသိရသည်။

အထူးသဖြင့် ယခုနှစ်ကုန် တွင် ဖြန့်ချိသည့် ဟန်းဆက်များ သည် ကင်မရာကို အထူးဦးစား ပေးမိတ်ဆက်ခဲ့ပြီး Lens နှစ်လုံးပါ ဝင်သည့် ဟန်းဆက်များကိုလည်း စတင်မိတ်ဆက်ခဲ့ကြသည်။ ‘‘ဈေးကွက်ကို စစ်တမ်းကောက်တဲ့အ ခါမှာ အာရှမှာ Selfie ကို အရမ်း နှစ်သက်ကြတယ်။ ဝယ်တဲ့လူတွေ ကလည်း ၁၀ ယောက်မှာ ခုနစ်ယောက်က ကင်မရာကောင်းလား ဆိုပြီး မေးဝယ်ကြတယ်’’ဟု OPPO မှ ပြောရေးဆိုခွင့်ရှိသူ ကိုဝေဖြိုးအောင်က ပြောကြားသည်။

ဟန်းဆက်တင်သွင်းရောင်း ချသူများသည် ယခင်က မျက်နှာ ပြင်ကျယ်ဟန်းဆက်နှင့် အခြား သော ဟန်းဆက်စွမ်းဆောင်ရည် များကို ဦးစားပေး၍ တင်သွင်းဖြန့် ချိရောင်းချသော်လည်း ယခုနှစ် အတွင်း ကင်မရာကို ဦးစားပေး သည့်ဟန်းဆက်များကို ဝယ်ယူသူ အကြိုက်  ထုတ်လုပ်ရောင်းချခဲ့ သည်။


‘‘ဟန်းဆက်မှာ ဒုတိယအ ဆင့်လို့ ပြောလို့ရသလို ပထမအ ဆင့်လို့ ပြောလို့ရတာကကင်မရာ ပါ။ ဟန်းဆက်က ကိုယ်နဲ့မကွာ နေ့စဉ် ယူသွားတဲ့ ပစ္စည်းလည်း ဖြစ်လာတယ်။ ဆိုရှယ်မီဒီယာက လည်းခေတ်ဖြစ်လာတယ်။ ကိုယ့် ပုံကို ဘယ်လောက်အထိ အ ကောင်းဆုံးဖြစ်အောင် ရိုက်ကူးပေးနိုင်မလဲဆိုတာကို အသုံးပြုသူ တွေ ထည့်သွင်းစဉ်းစားလာတယ် လို့ ပြောချင်ပါတယ်’’ဟု Sony မှ ဒုတိယအရောင်းမန်နေဂျာ ကို လှိုင်မျိုးဝင်းက ပြောသည်။

ဈေးကွက်အတွင်း ဟန်း ဆက်ရောင်းအားဝေစုကို အများ ဆုံးပိုင်ဆိုင်ရန် ဟန်းဆက်ထုတ် လုပ်သည့် ကုမ္ပဏီကြီးများသည် ၎င်းတို့၏အသစ်ထွက်ဟန်းဆက် များကို Megapixel မြှင့်တင် ထုတ်လုပ်လာပြီး ဈေးကွက်အ တွင်း အရောင်းကိုယ်စားလှယ် များ၏ ဟန်းဆက်အရောင်းမြှင့် တင်ရေးအစီအစဉ်များတွင်လည်း ကင်မရာ၏ စွမ်းဆောင်ရည်ကို အဓိကထားပြသခဲ့သည်။

 ‘‘ဟန်းဆက်ကင်မရာတွေ က အခုဆိုရင် DSLR ကင်မရာ တစ်လုံးလိုပဲ နောက်ခံတွေကို ဝါး သွားတဲ့ပုံစံအထိ ရိုက်လို့ရလာ တယ်။ ကင်မရာတွေကို အသား ပေးလာတာ ဈေးကွက်ကြောင့်လို့ ပဲထင်ပါတယ်’’ဟု ဓာတ်ပုံဆရာ ကိုထက်အောင်ကျော်က ပြော သည်။

စက်တင်ဘာအတွင်း ထုတ် ပြန်သည့် OPPO ၏ စစ်တမ်း၌ စမတ်ဖုန်းအသုံးပြုသူများ၏ ၇၉ ဒသမ ၉ ရာခိုင်နှုန်းသည် ဟန်း ဆက်ဝယ်ယူရာ၌ ကင်မရာကို အဓိကအချက်အနေဖြင့် ထည့် သွင်းစဉ်းစားခဲ့သည်ဟု ဖော်ပြ ထားသည်။

ယခုနှစ်အတွင်း ကင်မရာအရည်အသွေးမြင့် ဟန်းဆက်များ ဈေးကွက်ဦးစားပေးဖြန့်ချိ ယခုနှစ်အတွင်း ကင်မရာအရည်အသွေးမြင့် ဟန်းဆက်များ ဈေးကွက်ဦးစားပေးဖြန့်ချိ Reviewed by The Collector on Monday, December 05, 2016 Rating: 5

No comments