ရာမဇာတ်တော်ဇာတ်ကောင်များဖြင့် ဖန်တီးထားသည့် အွန်လိုင်းဂိမ်း စတင်မိတ်ဆက်


FB.com/Total Gameplay Studio

 MyPlay ဂိမ်းကုမ္ပဏီ သည် ၎င်းတို့၏ ခုနစ်ခုမြောက်ဂိမ်း အဖြစ် ရာမဇာတ်တော်မှ ဇာတ် ကောင်များဖြင့် ဖန်တီးရေးဆွဲထား သည့် Rage of Rama အမည်ရှိ အွန်လိုင်းဂိမ်းကို စတင်မိတ်ဆက် ခဲ့သည်။

၂၀၁၄ ကစတင်၍ ၂ နှစ် ကြာ ဖန်တီးရေးဆွဲခဲ့သည့် ဂိမ်း တစ်ခုဖြစ်ပြီး ရုပ်ထွက်ပိုင်းဆိုင်ရာ အထူးကောင်းမွန်အောင် စွမ်း ဆောင်ထားသည်ဟု MyPlay က သတင်းထုတ်ပြန်ခဲ့သည်။ လက်ရှိ အချိန်၌ Beta အဆင့်ဂိမ်းထွက်ရှိ နေပြီး လာမည့်တစ်ပတ်အတွင်း ဖြန့်ချိမည်ဟု Total Gameplay Studio မှကိုမြင့်ကျော်သူက ပြော ကြားသည်။

Tower-Defence ဂိမ်း အ မျိုးအစားဖြစ်ပြီး အွန်လိုင်းပေါ် တွင် တစ်ဖက်ငါးဦးဖြင့် ရာမဇာတ်တော်မှ ဇာတ်ကောင်များ အသုံးပြုကာ တိုက်ခိုက်ရမည်ဖြစ်သည်။ ဂိမ်းအတွင်းဇာတ် ကောင် ၄၀ ပါဝင်ပြီး မြန်မာ့ရိုးရာ အငွေ့အသက်များဖြင့် ရာမဇာတ် တော်၏ ဇာတ်ကောင်များကို အ သုံးပြုထားသည်။


‘‘အင်တာနက်ကွန်နက်ရှင် စက္ကန့်ပိုင်းလေး နောက်ကျသွား ရင် ဂိမ်းရဲ့အနိုင်၊ အရှုံးပြောင်းလဲ နိုင်တဲ့အတွက် အချိန်အများ ကြီးပေးပြီးတော့ လုပ်ခဲ့ရပါတယ်။ ရုပ်ထွက်ပိုင်းကိုလည်း သေချာပြု လုပ်နေတဲ့အတွက် ထွက်ရှိတာ နောက်ကျသွားတာဖြစ်ပါတယ်’’ ဟု MyPlay မှ Operation Manager ကိုစိုင်းပြည့်ဟန်က ပြောသည်။

အဆိုပါဂိမ်းကို နိုဝင်ဘာအ တွင်းက Korea Game Show တွင် ၀င်ရောက်ပြသပြီး နိုင်ငံတကာက စိတ်ဝင်စားမှုရှိခဲ့ကြောင်း MyPlay က သတင်းထုတ်ပြန်ထား သည်။ အဆင့်အလိုက် ဇာတ် ကောင်များကို စွမ်းဆောင်ရည် မြှင့်တင်ပြီး တိုက်ပွဲတိုက်ခိုက်ရ သည့် Rage of Rama ဂိမ်းကို အခမဲ့ရယူကစားနိုင်မည်ဟု ကို မြင့်ကျော်သူကပြောသည်။

My Play က ထုတ်လုပ်သည့် ဆိုက်ကားသမား ငပိန်ဂိမ်းသည် Tokyo Game Show ၌ ဆုရရှိ ထားသည်။ MyPlay သည်၂၀၁၇ အတွင်း Age of Bayintnaung ဂိမ်းနှင့် လမ်းမတော်ဖိုးတုတ်ဂိမ်းတို့ကို ဖြန့်ချိမည်ဟု သတင်းထုတ်ပြန်ထားသည်။

ရာမဇာတ်တော်ဇာတ်ကောင်များဖြင့် ဖန်တီးထားသည့် အွန်လိုင်းဂိမ်း စတင်မိတ်ဆက် ရာမဇာတ်တော်ဇာတ်ကောင်များဖြင့် ဖန်တီးထားသည့် အွန်လိုင်းဂိမ်း စတင်မိတ်ဆက် Reviewed by The Collector on Sunday, December 04, 2016 Rating: 5

No comments