Better Future Film Festival ပြိုင်ပွဲ၌ The Sleepaholic ရုပ်သံပထမဆုရ


ပထမဆုရ The Sleepaholic ဇာတ်ကား ရိုက်ကူးသူအား ဆုချီးမြှင့်စဉ်(ဓာတ်ပုံ−မြင့်ကျော်လှိုင်)

အင်တာနက်ကို အနာဂတ်အတွက် အကျိုးရှိစွာအသုံးပြု နိုင်သည့်အပေါ်အခြေခံ၍ ငါးမိ နစ်စာ  ရုပ်သံဗီဒီယိုပြိုင်ဆိုင်မှု Better Future Film Festival တွင် The Sleepaholic ရုပ်သံက ပထမဆုရရှိကြောင်း  သတင်းရရှိ သည်။

 ဆက်သွယ်ရေးအော်ပရေ တာတစ်ခုဖြစ်သည့် အူရီးဒူးက Better Future Film Festival ကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမဆု ကျပ်သိန်း ငါးဆယ်၊ ဒုတိယဆု ကျပ်သိန်းသုံးဆယ်၊ တတိယဆု ကျပ်သိန်းနှစ်ဆယ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ပထမဆုရရှိခဲ့သော The Sleepaholic အမည်ရှိ ရုပ်သံဗီဒီယိုသည် အိပ်ရာတွင် မိုဘိုင်းဖုန်းအင်တာနက်ကို အ ကျိုးရှိစွာ အသုံးပြုသူတစ်ဦးအ ကြောင်း ရိုက်ကူးတင်ဆက်ထား ခြင်းဖြစ်သည်။


ရုပ်သံဗီဒီယို ဒုတိယဆုကို So This is Internet အမည်ရှိ ရုပ်သံဖိုင်က ရရှိခဲ့ပြီး တတိယ ဆုကို နန်းရွှေပြည်ဘုန်းတော်ကြီး သင် ပညာရေးကျောင်းဖွံ့ဖြိုးမှု ရုပ်သံဖိုင်က ရရှိခဲ့သည်။ အူရီးဒူး က ကျင်းပပေးခဲ့သော Better Future Film Festival ကို ရုပ်ရှင် ကားပေါင်း လေးဆယ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး  အကဲဖြတ်ဒိုင် များအဖြစ်  ဒေါ်ဆွေဇင်ထိုက်နှင့် ကိုဝီရတို့က ဆောင်ရွက်ပေးခဲ့ သည်။

Better Future Film Festival ပြိုင်ပွဲ၌ The Sleepaholic ရုပ်သံပထမဆုရ Better Future Film Festival ပြိုင်ပွဲ၌ The Sleepaholic ရုပ်သံပထမဆုရ Reviewed by The Collector on Saturday, December 24, 2016 Rating: 5

No comments