စီဒီအမ်အေဖုန်းလိုင်းများကို ဂျီအက်စ်အမ်ဖုန်းလိုင်းများဖြင့် လဲလှယ်ပေးမည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ဟုဆို


စီဒီအမ်အေဖုန်း အသုံးပြုနေစဉ်(ဓာတ်ပုံ−နစ်ကီ )

၂၀၁၇ အတွင်း စီဒီအမ် အေ ၄၅၀ နှင့် စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းလိုင်းများကို ဂျီအက်စ် အမ်မိုဘိုင်းဖုန်းလိုင်းများဖြင့် လဲ လှယ်ပေးမည်ဟု ထွက်ပေါ်နေ သော သတင်းသည်မှားယွင်းမှုတစ်ခုသာဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြန်ကြားရေးတာဝန်ခံက ပြောကြား သည်။

 မိုဘိုင်းဖုန်းလိုင်းကွန်ရက် တစ်ခုကို ဖျက်သိမ်း၍ ကွန်ရက်အ သစ်တစ်ခုဖြင့် အစားထိုးအသုံးပြု စေမည်ဆိုပါက အသုံးပြုသူများအား ကြိုတင်အကြောင်းကြားမည် ဖြစ်ပြီး နစ်နာမှုများမရှိစေရန် ဆောင်ရွက်ပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်သည်။


လက်ရှိတွင် စီဒီအမ်အေကွန်ရက်ကို မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် ဆက်လက်ချဲ့ထွင် မှု ရပ်ဆိုင်းထားသော်လည်း ကွန် ရက်ဖျက်သိမ်း၍ ဂျီအက်စ်အမ် ဖုန်းလိုင်းများဖြင့် အစားထိုးအသုံး ပြုစေမည်ဟူသော သတင်းမှာ မှားယွင်းမှုသာဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြန်ကြားရေးဌာနက သတင်းထုတ်ပြန် သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် စီဒီအမ်အေ ၄၅၀ နှင့် စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူများအတွက် ငွေဖြည့် ကတ်ထုတ်လုပ်မှုကို ဒီဇင်ဘာအ တွင်း ရပ်ဆိုင်းခဲ့ပြီး ငွေဖြည့်သွင်း ရာတွင် ဂျီအက်စ်အမ် ငွေဖြည့်ကတ်များကိုသာ စီဒီအမ်အေဖုန်းလိုင်းများ၌ ထည့်သွင်းအသုံးပြုကြရန် ညွှန်ကြားထားသည်။

ငွေဖြည့်ကတ်ပြောင်းလဲ အ သုံးပြုရာတွင် ဘီလ်လွှဲပြောင်းခြင်းအပါအဝင် အခြားသော မိုဘိုင်း ဖုန်းထပ်ဆောင်းဝန်ဆောင်မှုများ ကို စီဒီအမ်အေမိုဘိုင်းဖုန်းလိုင်း များ၌ အသုံးပြုနိုင်မည်မဟုတ် ကြောင်း အမ်ပီတီအနေဖြင့် စီဒီ အမ်အေမိုဘိုင်းဖုန်းလိုင်းများကို ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းများ အတိုင်း ဝန်ဆောင်မှုပေးအပ်နိုင် ရန် ပြင်ဆင်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြန်ကြား ရေးဌာနမှ ဒေါ်ဟေမာန်စိုးက ပြောသည်။

စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်း သည် လက်ရှိ၌ ခေတ်မမီတော့ သည့် ကွန်ရက်တစ်ခုဖြစ်ပြီး အ သုံးပြုသူအရေအတွက်မှာလည်း တဖြည်းဖြည်း လျော့နည်းလာ သည်။ ဆက်သွယ်ရေးအော်ပရေ တာများသည် ၂၀၁၅ အတွင်း ဂျီ အက်စ်အမ် 3G ကွန်ရက်ကို အ ပြိုင်အဆိုင်တိုးချဲ့တည်ဆောက်ခဲ့ ကြပြီး ၂၀၁၆ အတွင်း၌ ဂျီအက်စ် အမ် 4G ကွန်ရက်ကို အပြိုင်အ ဆိုင်တိုးချဲ့ခဲ့ကြသည်။

စီဒီအမ်အေဖုန်းလိုင်းများကို ဂျီအက်စ်အမ်ဖုန်းလိုင်းများဖြင့် လဲလှယ်ပေးမည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ဟုဆို စီဒီအမ်အေဖုန်းလိုင်းများကို ဂျီအက်စ်အမ်ဖုန်းလိုင်းများဖြင့် လဲလှယ်ပေးမည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ဟုဆို Reviewed by The Collector on Thursday, December 22, 2016 Rating: 5

No comments