မြန်မာနိုင်ငံ၏ အိုင်စီတီတိုးတက်မှုညွှန်းကိန်း မြင့်တက်လာ


ဓာတ်ပုံ−စိုင်းဇော်

 International Tele- communication Union (ITU) ၏ စစ်တမ်းအရ ၂၀၁၆ တွင် မြန်မာ နိုင်ငံ၏ အိုင်စီတီ အသုံးပြုမှု ညွှန်း ကိန်းမှာ အဆင့် (၁၄၀) ဖြင့် တိုး တက်လာပြီး အိန္ဒိယနိုင်ငံနှင့်အနီး ဆုံးသော နေရာသို့ တက်လှမ်း နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၅ နိုင်ငံ ရှိသည့်အနက် မြန်မာနိုင်ငံ၏ အိုင်စီတီအသုံးပြုမှု ညွှန်းကိန်း သည် အဆင့် (၁၄၀) ၌ တည်ရှိပြီး လာအိုနိုင်ငံထက် အဆင့်လေးနေ ရာ ပိုမို မြင့်တက်လာကာ ဘင်္ဂ လားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံ၏ အထက်သို့ ၂၀၁၆ အတွင်း မြင့် တက်လာခဲ့ကြောင်း နည်းပညာ ဆိုင်ရာ စစ်တမ်းများကောက်ယူ နေသည့် LIRNEasia အဖွဲ့က သ တင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအနေဖြင့် အိုင်စီ တီ ညွှန်းကိန်း၌ ၂၀၁၅ တွင် အ ဆင့် (၁၄၂) ရှိရာမှ အချို့ကို ကျော်လွန်၍ အဆင့်တစ်ခု မြင့် တက်လာသော်လည်း ဒစ်ဂျစ် တယ် အသုံးချနိုင်မှုစွမ်းရည် လို အပ်ချက်ကြောင့် မိုဘိုင်းဖုန်းပိုင် ဆိုင်သူများအနေဖြင့် အွန်လိုင်း ၀န်ဆောင်မှုများ၊ e-Govern- ment  ၀န်ဆောင်မှုများနှင့် အ သေးစားအလုပ်အကိုင်အခွင့်အ လမ်းများ၌ ပါဝင်ခံစားနိုင်ခြင်း မ ရှိသေးကြောင်း LIRNEasia အဖွဲ့ ထုတ်ပြန်ချက်၌ ပါရှိသည်။


စစ်တမ်းတစ်ခုအရ မိုဘိုင်း ဖုန်းအင်တာနက်ကို အသုံးပြု၍ သတင်းအချက်အလက်များ ရှာ ဖွေရာတွင် မိုဘိုင်းဖုန်းပိုင်ဆိုင်သူ များအနက် အမျိုးသား ၂၄ ရာခိုင် နှုန်းနှင့် အမျိုးသမီး ၁၉ ရာခိုင်နှုန်းကသာ သိရှိလိုသော အချက်အလက် ကို ကောင်းစွာ ရှာဖွေနိုင်ခဲ့သည်။

အော်ပရေတာများထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုမှုသည် အိမ်နီးချင်းနိုင်ငံများကို ကျော်လွန်၍ ကမ္ဘာနှင့် ရင်ပေါင်တန်းနေခဲ့သည်။ work.com.mm ၏ အင်တာနက်အသုံးပြုမှု စစ်တမ်းတစ်ခုအရ အမျိုးသမီးများသည် အမျိုးသားများထက် ၁၄ ရာခိုင်နှုန်း အင်တာနက် ပိုမို အသုံးပြုခဲ့ပြီး အွန်လိုင်းမှ အလုပ်အကိုင် လျှောက်ထားခြင်းကို မိုဘိုင်းဖုန်းဖြင့် ၇၀ ရာခိုင်နှုန်းက အသုံးပြုခဲ့သည်။

မြန်မာနိုင်ငံ၏ အိုင်စီတီအ သုံးပြုမှု ညွှန်းကိန်းအနည်းငယ် မြင့်တက်လာရခြင်းသည် မိုဘိုင်း ဖုန်းများ ပိုမိုအသုံးပြုလာသည့်အ ပေါ် အဓိကမူတည်ပြောင်းလဲခဲ့ ခြင်းဖြစ်သည်။ အော်ပရေတာများ ၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ မိုဘိုင်းဖုန်းအသုံးပြုသူ သန်း ၂၀ ရှိပြီး တယ်လီနောအသုံးပြုသူ ၁၈ သန်းရှိသည်။ အလားတူ အူရီးဒူး အသုံးပြုသူ ၈ ဒသမ ၂ သန်းရှိသည်။

မြန်မာနိုင်ငံ၏ အိုင်စီတီတိုးတက်မှုညွှန်းကိန်း မြင့်တက်လာ မြန်မာနိုင်ငံ၏ အိုင်စီတီတိုးတက်မှုညွှန်းကိန်း မြင့်တက်လာ Reviewed by The Collector on Sunday, December 18, 2016 Rating: 5

No comments