လာမည့်နှစ်ကစ၍ အင်တာနက်မြန်နှုန်း 300 Mbps အထိ ရရှိမည်ဟု အမ်ပီတီကြေညာ


MPT၏ ကွန်ရက်မြှင့်တင်ခြင်းနှင့် တိုးချဲ့ချင်းအခမ်းအနားပြုလုပ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ − MPT FB)

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) သည် မိုဘိုင်းအင် တာနက် အသုံးပြုနိုင်သည့် ပမာ ဏကို နှစ်ဆတိုးမြှင့်သဖြင့် အသုံး ပြုသူများသည် အင်တာနက်မြန် နှုန်း 300 Mbps အထိ ရရှိမည်ဟု ဒီဇင်ဘာ ၂၁ ရက်တွင် ကြေညာ သည်။

ပုံမှန်အားဖြင့် MPT သည် 4G မိုဘိုင်းအင်တာနက်ကွန်ရက် ကို အမြန်နှုန်း 150 Mbps ဖြင့် ဝန်ဆောင်မှု ပေးခဲ့သော်လည်း ၂၀၁၈ ဇန်နဝါရီကစတင်၍ အမြန်နှုန်း 300 Mbps ဖြင့် ဝန်ဆောင်မှု ပေးမည်ဟု ကြေညာသည်။

၎င်းတို့ထုတ်လွှင့်ထားသည့် မိုဘိုင်းအင်တာနက် မြန်နှုန်းကို အပြည့်အဝရယူလိုပါက အသုံးပြု ထားသည့် နည်းပညာကို အ ထောက်အပံ့ပေးနိုင်သော ဟန်း ဆက်များ အသုံးပြုရန် လိုအပ် ကြောင်း MPT ကထုတ်ပြန်ထား သည်။

4×4 MIMO နည်းပညာကို MPT က အသုံးပြုထားပြီး အဆိုပါနည်းပညာကို ထောက်ပံ့ပေးနိုင် သည့် ဟန်းဆက်သည် ဈေးကွက် အတွင်း ရှားပါးနေသည်။

MPT သည် မြန်နှုန်းနှစ်ဆ တိုးမြင့်ထားသည့် 4G ကွန်ရက်ကို ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာအ ချို့တွင် ပထမအဆင့် စတင်မည် ဖြစ်ကြောင်း၊ အသုံးပြုထားသည့် နည်းပညာသည် အမြင့်ဆုံးဒေတာ အမြန်နှုန်း 800 Mbps အထိ ရရှိ စေနိုင်ကြောင်း ယင်းအော်ပရေ တာက ကြေညာထားသည်။

‘‘အော်ပရေတာတွေ ကြေ ညာထားတဲ့အတိုင်းတော့ အင် တာနက်အမြန်နှုန်းမရဖူးသေးပါ ဘူး။ သူတို့ပြောသလို ဖုန်းကြောင့် လည်း ဖြစ်နိုင်ပါတယ်’’ ဟု Xioami ဟန်းဆက်အသုံးပြုသူ ကိုဝေလင်းမောင်က ပြောကြား သည်။

ဆက်သွယ်ရေးအော်ပရေ တာ အူရီးဒူးသည် အမြန်နှုန်း 800 Mbps ရရှိနိုင်သော 4G Pro ကို ၂၀၁၈ တွင် မိတ်ဆက်မည်ဟု ကြေညာထားသည်။

လာမည့်နှစ်ကစ၍ အင်တာနက်မြန်နှုန်း 300 Mbps အထိ ရရှိမည်ဟု အမ်ပီတီကြေညာ လာမည့်နှစ်ကစ၍ အင်တာနက်မြန်နှုန်း 300 Mbps အထိ ရရှိမည်ဟု အမ်ပီတီကြေညာ Reviewed by The Collector on Friday, December 22, 2017 Rating: 5

No comments