ဆက်သွယ်ရေးအော်ပရေတာများတွင် မသန်စွမ်းများအတွက် သီးသန့်ဝန်ဆောင်မှု ထားရှိပေးရန်တောင်းဆို


ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၁၃ ရက်က ဆွေးနွေးပွဲကျင်းပနေစဉ်(ဓာတ်ပုံ − ထက်မြက်)

 ကောလ်စင်တာများ၊ ဆက်သွယ်ရေးအော်ပရေတာဝန် ဆောင်မှုများတွင် မသန်စွမ်းသူ များအသုံးပြုနိုင်မည့် သီးသန့်ဝန် ဆောင်မှုများ ထားရှိပေးစေလို ကြောင်း မသန်စွမ်းအဖွဲ့အစည်း များမှ တာဝန်ရှိသူများက တောင်း ဆိုသည်။

ဒီဇင်ဘာ ၁၃ ရက်က ရန် ကုန်မြို့တွင်ပြုလုပ်သည့် သတင်း အချက်အလက်၊ ဆက်သွယ်ရေး နည်းပညာများ မသန်စွမ်းသူများ လက်လှမ်းမီသုံးစွဲနိုင်ရေး အလုပ် ရုံဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးသည့် မသန်စွမ်းအဖွဲ့များမှ ကိုယ်စားလှယ်များက တောင်းဆိုခဲ့သည်။


မသန်စွမ်းသူများသည်ဆက် သွယ်ရေးနှင့် သတင်းအချက်အ လက်ဝန်ဆောင်မှုများကို အများ နည်းတူသုံးစွဲသော်လည်း အချို့ အချက်များတွင် အခက်အခဲကြုံ တွေ့နေရသဖြင့် ၎င်းတို့အတွက် သီးသန့်ဝန်ဆောင်မှုများ ရရှိလို ကြောင်း မသန်စွမ်းသူများကဆို သည်။

မသန်စွမ်းသူများ အရေးပေါ် ကိစ္စတစ်ခုခုကြုံတွေ့၍ တာဝန်ရှိ သူများထံ အလျင်အမြန်သတင်း ပေးပို့ရမည့် အခြေအနေတွင် ကောလ်စင်တာများ၌ ၎င်းတို့အ တွက် သီးသန့်ဝန်ဆောင်မှုပေး သည့်လိုင်းများရှိလျှင် အဆင်ပြေ နိုင်မည်ဟု AAR Japan အကူအ ညီပေးရေးနှင့် ပြန်လည်ထူထောင် ရေးအသင်း ကွန်ပျူတာနည်းပြ ချုပ်ဦးလွင်မျိုးထွန်းက ပြော ကြားသည်။

‘‘ကောလ်စင်တာတွေမှာ မ သန်စွမ်းတွေနဲ့ပတ်သက်ပြီး ချန် နယ်တစ်ခုထားပေးရင်ပိုအဆင် ပြေတယ်ဗျ။ တစ်ခုဖေ့စ်ဘွတ်ခ် မှာ ဖတ်လိုက်ရတာပေါ့နော်။ ဉာဏ်ရည်မသန်စွမ်းမိန်းကလေး တစ်ယောက်အဓမ္မပြုကျင့်ခံလိုက် ရတယ်။ အဲဒီမှာ တကယ်တမ်း ကောလ်စင်တာမှာ ဒီလိုဝန် ဆောင်မှုပေးနိုင်ရင် သူ့အနေနဲ့ ချက်ချင်းသက်ဆိုင်ရာကို တိုင် ကြားပြီး ဒီကိစ္စကိုဖြေရှင်းနိုင်မယ် လို့ ယုံကြည်တယ်ဗျ’’ ဟု ဦးလွင် မျိုးထွန်းက ပြောသည်။

ကောလ်စင်တာများ၏ ၀န် ဆောင်မှုများတွင် မိမိရယူလို သည့်ဝန်ဆောင်မှုကို လိုင်းခွဲနံ ပါတ်သုံး၊လေးဆင့်ခန့်အထိ ခေါ် နေရသဖြင့် မသန်စွမ်းများအ တွက် အခက်အခဲရှိ၍ သီးခြား လိုင်းခွဲများထားရှိပေးလျှင် ပိုအ ဆင်ပြေနိုင်ကြောင်း ၎င်းကဆို သည်။

 မြန်မာနိုင်ငံနားမကြားသူ များဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အစီ အစဉ်အကြံပေးဦးဆလိုင်းဒေးဗစ် ကလည်းဆက်သွယ်ရေးနည်းပ ညာများကို နားမကြားသူများ လက်လှမ်းမီ အသုံးပြုနိုင်ရန် ကောလ်စင်တာများ၏၀န်ဆောင် မှုများတွင် ရုပ်သံဖြင့်ဆက်သွယ် (Video Call)နိုင်သည့် စနစ်များ ထားရှိပေးပြီး နားမကြားသူများအ တွက် ဘာသာစကားဖြင့်ပြော ကြားပေးလျှင် ပိုအဆင်ပြေမည် ဟုဆိုသည်။

‘‘ကျွန်တော်တို့က အင်တာ နက်ပက်ကေ့ခ်ျဝယ်တဲ့နေရာမှာ ကောလ်စင်တာကိုဖုန်းဆက်ပြီး ၀ယ်ရတယ်။ ၀ယ်တဲ့အခါမှာ ကျွန်တော်တို့ဘာကြုံရသလဲဆို ရင် အမေးအမြန်းထူတယ်။ ခုဖုန်း နဲ့ဘယ်ဖုန်းတွေကို ခေါ်ထားသ လဲ။ နောက်ဆုံးခေါ်တဲ့ဖုန်းသုံးလုံး ကိုပြောပါတို့မေးတယ်’’ ဟု မျက် မမြင်တစ်ဦးဖြစ်သူ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်အမှု ဆောင်ကော်မတီဝင်ဦးအောင် လွင်ဦးက ပြောသည်။

ထို့ပြင် မသန်စွမ်းသူများအ ဆင်ပြေနိုင်မည့် ဆက်သွယ်ရေး နည်းလမ်းများဖြစ်သည့် အသံ မက်ဆေ့ခ်ျပေးပို့ခြင်း၊ ဓာတ်ပုံ များ၊ ရုပ်သံများမက်ဆေ့ခ်ျပေးပို့ နိုင်သည့် စနစ်များကို ဆက်သွယ် ရေးအော်ပရေတာကုမ္ပဏီများ က ၀န်ဆောင်မှုပေးစေလိုကြောင်း ၎င်းတို့ကဆိုသည်။

‘‘အခုဆိုရင် ဆက်သွယ်ရေး ကုမ္ပဏီတွေ၊ ကောလ်စင်တာတွေ မှာ မသန်စွမ်းတွေကိုတော်တော် များများခန့်နေကြပါပြီ။ အဲဒီလို ခန့်လို့လည်း ကုမ္ပဏီတွေဆုတွေ ဘာတွေရကြပါတယ်။ ဒါကြောင့် လည်း ကျွန်တော်တို့က ဒီလို တောင်းဆိုတာပါ။ သူတို့ခန့်ထား တဲ့ မသန်စွမ်းဝန်ထမ်းတွေက ဆက်သွယ်ရေးအသုံးပြုတဲ့မသန် စွမ်းတွေကို ၀န်ဆောင်မှုပေးရင် ရတာပါပဲ’’ ဟု ဦးလွင်မျိုးထွန်းက ပြောသည်။

 ယခုအလုပ်ရုံဆွေးနွေးပွဲ တွင် ဆွေးနွေးသည့်အချက်များ ကို ဒီဇင်ဘာ ၁၄ ရက်တွင် လွှတ် တော်ကိုယ်စားလှယ်များနှင့်တွေ့ ဆုံပြီး ပြန်လည်တင်ပြကာ ထိ ရောက်သည့်မူဝါဒများဖြစ်လာစေ ရန် တိုက်တွန်းပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ဆက်သွယ်ရေးအော်ပရေတာများတွင် မသန်စွမ်းများအတွက် သီးသန့်ဝန်ဆောင်မှု ထားရှိပေးရန်တောင်းဆို ဆက်သွယ်ရေးအော်ပရေတာများတွင် မသန်စွမ်းများအတွက် သီးသန့်ဝန်ဆောင်မှု ထားရှိပေးရန်တောင်းဆို Reviewed by The Collector on Thursday, December 21, 2017 Rating: 5

No comments