ကားလိုင်စင်သက်တမ်းတိုးရန် အွန်လိုင်းစနစ်ဖြင့် ရက်ချိန်းယူရာတွင် လစဉ်နောက်ဆုံးရုံးဖွင့်ရက် နှစ်ရက်မပါဝင်


 ကားလိုင်စင်သက်တမ်း တိုးရန် အွန်လိုင်းစနစ်ဖြင့် ယာဉ် စစ်ဆေးရက်ချိန်းယူရာတွင် လစဉ် နောက်ဆုံးရုံးဖွင့်ရက်နှစ်ရက်ကို ခွင့်ပြုမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ကြေညာသည်။

အွန်လိုင်းမှ သက်တမ်းတိုး ရက်ချိန်းယူရန် အခက်အခဲရှိသူ များကို လစဉ်နောက်ဆုံးရုံးဖွင့် ရက်နှစ်ရက်ကို ယာဉ်စစ်ဆေးမည် ဖြစ်၍ အွန်လိုင်းရက်ချိန်းကို ပိတ်ပင်ခြင်းဖြစ်သည်။

 ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ရန်ကုန် တိုင်းဒေသကြီး ခရိုင်ရုံးလေးခုနှင့် တိုင်းဒေသကြီးရုံးခွဲ ရွာသာကြီး တို့တွင် နေ့စဉ် အစီးရေ ၁,၉၀၀ ခန့်ကို သက်တမ်းတိုး စစ်ဆေးပေး နေကြောင်း ဒီဇင်ဘာ ၁၇ ရက် တွင် ကြေညာသည်။


‘‘နေ့စဉ် သတ်မှတ်ထားတဲ့ အစီးရေအတိုင်း ရက်ချိန်းကြိုတင် ပြီး ပြီးအောင်လုပ်ပေးနေတာဆို ရင်တော့ အဆင်ပြေပါတယ်’’ဟု ယာဉ်ပိုင်ရှင် ဦးဇော်ဖြိုးက ပြော ကြားသည်။

ယာဉ်သက်တမ်းတိုး အစစ် ဆေးခံရန် အွန်လိုင်းမှ ကြိုတင် ရက်ချိန်းယူခြင်းကို www.rtad.gov.mm မှတစ်ဆင့် လုပ်ဆောင် နိုင်ကြောင်း၊ အနည်းဆုံး သုံးရက်မှ အများဆုံး ရက် ၃၀ အထိ ကြို တင် စာရင်းပေးသွင်းထားနိုင် ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။

 သက်တမ်းမကုန်ဆုံးမီ သုံးလအကြိုယာဉ်များ၊ သက် တမ်းကုန်ဆုံးပြီး ငါးနှစ်အတွင်း ယာဉ်များ ကြိုတင်ရက်ချိန်းရယူ နိုင်ပြီး နယ်ဝင်ယာဉ်များ၊ ပြောင်း လဲခြင်းစစ်ဆေးခံမည့်ယာဉ်များ၊ ဆိုင်ကယ်များအနေဖြင့် အွန်လိုင်း ရက်ချိန်းရယူရန် မလိုကြောင်း အဆိုပါဦးစီးဌာနက ကြေညာ သည်။

အွန်လိုင်းမှတစ်ဆင့် ယာဉ် စစ်ဆေးရက်ချိန်းယူရန် အဆင့် ဆင့်လုပ်ဆောင်ပုံကို www.motc.gov.mm တွင် ရုပ်ပုံနှင့် တကွ ရှင်းလင်းပြသထားသည်။

 ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်သက်တမ်းတိုးသည့် အစီးရေများပြားသဖြင့် ယာဉ် ကြောကျပ်တည်းသည့် အခက် အခဲ လျော့နည်းရန် ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန က အွန်လိုင်းကြိုတင် ရက်ချိန်း ယူခြင်း လုပ်ငန်းစဉ်ကို ဒီဇင်ဘာ ၂၇ ရက်ကစတင်ခွင့်ပြုမည်ဟု ကြေညာခဲ့သည်။

ကားလိုင်စင်သက်တမ်းတိုးရန် အွန်လိုင်းစနစ်ဖြင့် ရက်ချိန်းယူရာတွင် လစဉ်နောက်ဆုံးရုံးဖွင့်ရက် နှစ်ရက်မပါဝင် ကားလိုင်စင်သက်တမ်းတိုးရန် အွန်လိုင်းစနစ်ဖြင့် ရက်ချိန်းယူရာတွင် လစဉ်နောက်ဆုံးရုံးဖွင့်ရက် နှစ်ရက်မပါဝင် Reviewed by The Collector on Tuesday, December 26, 2017 Rating: 5

No comments