အစိုးရ၀န်ထမ်းများအား နည်းပညာ မြှင့်တင်ပေးရန် IP Networking Lab တစ်ခု ဟွာဝေးထောက်ပံ့


 အစိုးရ၀န်ထမ်းများ အိုင်စီတီနည်းပညာမြင့်မားလာ ရေးလေ့ကျင့်ပေးနိုင်ရန် မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကျောင်းသို့ ဟွာဝေးက IP Networking Lab တစ်ခုလှူဒါန်းမည်ဟု သတင်းထုတ်ပြန်သည်။

‘‘မိတ္ထီလာဗဟိုပို့ဆောင်ရေး နဲ့ ဆက်သွယ်ရေးကျောင်းဟာ မြန်မာ ICT လုပ်ငန်းကဏ္ဍရဲ့ တိုး တက်ဖွံ့ဖြိုးမှုဦးတည်ချက်တွေနဲ့ အညီ ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာနအောက်မှာရှိတဲ့ အစိုး ရ၀န်ထမ်းတွေရဲ့ ကျွမ်းကျင်မှုတွေ ကို ရေတိုရော ရေရှည်မှာပါ မြင့် မားလာစေဖို့အတွက် သတင်းအ ချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာရပ်ဆိုင်ရာ လက်တွေ့ သင်တန်းတွေ ပို့ချပံ့ပိုးပေးနေတဲ့ ပထမဦးဆုံးကျောင်းတစ်ခု ဖြစ် လာမှာပါ’’ဟု ဟွာဝေး မြန်မာ လက်ထောက်မန်နေဂျင်းဒါရိုက် တာ Mr.Bob Zhu က ပြောကြား သည်။

အဆိုပါကျောင်းသည် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာနအောက်တွင်ရှိသော ဌာ န ၁၈ ခုထဲမှ တစ်ခုဖြစ်ပြီး အစိုးရ ၀န်ထမ်းများ စွမ်းရည်တိုးတက် စေရန် လေ့ကျင့်ပေးသည့် သင် တန်းကျောင်းတစ်ခု ဖြစ်သည်။ အစိုးရ၀န်ထမ်းများအား လေ့ကျင့် ပေးရာတွင် ICT နည်းပညာအသုံး ချမှုများကိုပါ တွဲဖက်ပြုလုပ်ပေး နိုင်ရန် IP Networking Lab တစ်ခုနှင့် သင်ကြားရေးအစီအစဉ် များ ထောက်ပံ့ခြင်းဖြစ်ကြောင်း ဟွာဝေးက ဆိုသည်။

‘‘ကျွန်တော်တို့ သင်တန်း ကျောင်းဟာ ၀န်ထမ်းတွေကို စွမ်း ရည်တိုးတက်ဖို့ လေ့ကျင့်သင် ကြားပေးနေတဲ့ လေ့ကျင့်ရေးသင် တန်းကျောင်း ဖြစ်ပါတယ်။ အခုလို IP Networking Lab နဲ့ အတူ သင်ထောက်ကူ ပစ္စည်းတွေ ထောက်ပံ့ပေးတဲ့အပြင် ကျောင်း က နည်းပြခြောက်ယောက်ကို လည်း ပြန်လည်သင်ကြားပေးဖို့ သင်တန်းတွေ ပေးတဲ့အတွက် သင် ကြားရေးမှာ ပိုပြီးအကျိုးရှိ ရှိ လုပ်ဆောင်သွားနိုင်ပါတယ်’’ဟု ဗဟိုပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးကျောင်း၏ ကျောင်းအုပ်ကြီး ဦးချစ်မင်းဦးက ပြောသည်။

ICT ကဏ္ဍ လျင်မြန်စွာတိုး တက်လာနေသည့် မြန်မာနိုင်ငံ တွင် ICT ကျွမ်းကျင်သူများလို အပ်နေသည့်ပြဿနာနှင့် ရင်ဆိုင် ရှိသဖြင့် အစိုးရအရာထမ်း၊ ၀န် ထမ်းများအား ICT နည်းပညာ လွှဲပြောင်းပေးနိုင်မည့် နည်းလမ်း တစ်ခုအနေဖြင့် ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ဟွာဝေးက ဆိုသည်။ ။

အစိုးရ၀န်ထမ်းများအား နည်းပညာ မြှင့်တင်ပေးရန် IP Networking Lab တစ်ခု ဟွာဝေးထောက်ပံ့ အစိုးရ၀န်ထမ်းများအား နည်းပညာ မြှင့်တင်ပေးရန် IP Networking Lab တစ်ခု ဟွာဝေးထောက်ပံ့ Reviewed by The Collector on Sunday, December 31, 2017 Rating: 5

No comments