ခရစ္စမတ်ကို အလှဆင်ပေးမယ့် စမတ် Gadget လေးများ


မကြာခင်ရက်ပိုင်းအတွင်း ခရစ္စမတ်နေ့ ကျရောက်လာပါတော့မယ်။ ခရစ်ယာန် ဘာသာဝင်တွေအပြင် မိတ်ဆွေအပေါင်းအသင်း တွေပါ ချမ်းအေးတဲ့ ဆောင်းရာသီ ရဲ့ ရုံးပိတ်ရက်လေးကို ပျော်ပျော် ရွှင်ရွှင်ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ကတော့ ထင်းရှူးပင်လေးတွေနဲ့ တခြားခရစ္စမတ်အထိမ်းအမှတ်အဆင်အပြင်လေးတွေ ပြုလုပ်ပြီး ဒီနေ့ရက်ကို ကြိုဆိုလေ့ရှိပါတယ်။ နည်းပညာ Gadgetတွေကို ထည့်သွင်းအသုံးပြုတဲ့အခါ ခရစ္စမတ်အထိမ်းအမှတ် ပြင်ဆင်မှုတွေက တစ်မျိုးတစ်ဘာသာ အမြင်ဆန်းသွားအောင် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။


စမတ်ခရစ္စမတ်သစ်ပင်

သာမန်ထင်းရှူးပင်တစ်ပင်မဟုတ်ဘဲ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်တဲ့ သစ်ပင်လေးတွေ ဖြစ် ပါတယ်။ Built-in Speaker တွေပါရှိပြီး ခရစ္စမတ်ကာလအထိမ်း အမှတ်သီချင်းတွေကို ဖုန်းကနေတစ်ဆင့် ရွေးချယ်ဖွင့်လှစ်နိုင်ပါ တယ်။ Rockingham ကထုတ် လုပ်တဲ့ စမတ်ခရစ္စမတ်သစ်ပင် တွေမှာဆိုရင် LED အဖြူရောင် မီးလုံးငယ် ၁၀၀ လောက်နဲ့ အ ရောင်ပြောင်းလဲနိုင်တဲ့ မီးလုံး ၃၅ လုံးပါရှိနေပြီး မီးရောင်အလှည့်အပြောင်း Setting တွေကိုလည်း ဖုန်းကနေတစ်ဆင့် စိတ်ကြိုက်ချိန် ညှိရုံပါပဲ။


Hologram ပုံရိပ်

တံခါးမှန်လို နေရာတွေမှာ အရောင်အသွေးစုံလင်တဲ့ ခရစ္စ မတ် သင်္ကေတပုံရိပ်တွေ၊ ဆန်တာကလော့ ဘိုးဘိုးကြီးပုံတွေကို Hologram နည်းပညာနဲ့ ပုံဖော် ထားတာက အမြင်ဆန်းပြီး စမတ် ကျလွန်းပါတယ်။ AtomsFX က ဒီလို ထုတ်ကုန်မျိုးတွေကို ရောင်းချပေးနေပါတယ်။ ဈေးအမျိုးမျိုး အရွယ်အမျိုးမျိုးနဲ့ ရရှိနိုင်ပြီး ပုံရိပ်ယောင် ဆန်တာကလော့ ဘိုးဘိုး ကြီးကို ကိုယ့်အိမ်ခန်းထဲမှာ Holo-gram နည်းပညာနဲ့ ရုပ်လုံးဖော် ထားနိုင်မှာပါ။ ဒီအတွက် အသေး စား Projector တစ်လုံးကို အသုံးပြုရမှာ ဖြစ်ပါတယ်။


နှင်းပွင့်ပုံ မီးရောင် Projector

ခရစ္စမတ်နဲ့ ဆောင်းရာသီ ဆိုတာ တစ်သားတည်း ဖြစ်ပါ တယ်။ ဆောင်းရာသီရဲ့ သင်္ကေတ ကတော့ နှင်းပွင့်တွေပါပဲ။ နေအိမ် ခန်းထဲမှာ နှင်းပွင့်လေးတွေ ကျဆင်းနေသလို ဖန်တီးထားတဲ့ Snowflake Projector မျိုး တပ်ထားလိုက်ရင် ခရစ္စမတ်ရဲ့ အငွေ့အသက်က ပိုပြီး ပီပြင်လှပလာပါလိမ့်မယ်။ မီးရောင်နဲ့ ပုံဖော်ထား တဲ့ နှင်းအတုတွေကြောင့် အခန်းထဲမှာ စိုစွတ်နေမှာ မဟုတ်သလိုနှင်းခဲတွေ ပြန်ရှင်းရတဲ့ ဒုက္ခနဲ့ လည်း ကင်းဝေးပါလိမ့်မယ်။ နှင်းမကျတဲ့ ဒေသတွေအတွက် ဆိုရင်တော့ ပိုလို့တောင် အဆင်ပြေဦး မှာပါ။


စမတ် LED မီးရောင် Set

ခရစ္စမတ် သစ်ပင်လေးမှာ လှပတဲ့ မီးရောင်စုံတွေ စိတ်တိုင်း ကျ ပုံဖော်ဖို့ဆိုရင်တော့ မီးကြိုးလေးတွေ ရစ်ခွေသွယ်တန်းရမှာ ဖြစ်ပါတယ်။ Twinkly Lights ရဲ့105 LED လို မီးကြိုး Set ဟာဒီဇိုင်းပုံဖော်ဖို့ လွယ်ကူအဆင်ပြေ သလို ခရစ္စမတ်သစ်ပင်တွေမှာ သွယ်တန်းတဲ့အခါ ပိုအဆင်ပြေ လွယ်ကူအောင် ဖန်တီးထားပါ တယ်။ တခြားစမတ် Gadget တွေနည်းတူ မီးရောင်အပြောင်းအလဲ Setting တွေကို စမတ်ဖုန်းတစ်လုံးနဲ့ အဝေးကနေထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မီးလုံး Setတွေကို တစ်ခုမက ချိတ်လိုက်ရင် တောင် Set တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး စမတ်ဖုန်းရဲ့ ထိန်းချုပ်မှုကို တုံ့ပြန်နိုင်ပါတယ်။


စမတ်လေမှုတ်ရုပ်တွေ

နှင်းခဲပန်းပုလို၊ ဆန်တာက လော့ ဘိုးဘိုးကြီးလို ခရစ္စမတ်နဲ့ ပတ်သက်တဲ့ ဇာတ်ကောင်တွေကို လေမှုတ်ရုပ်ပြုလုပ်ပြီး စမတ်နည်း ပညာနဲ့ ပေါင်းစပ်ထားတဲ့သဘော ပါ။ Audio အသံစနစ်နဲ့ LED မီးတွေ တပ်ဆင်ထားပြီး အဓိက အားဖြင့်တော့ ကလေးတွေ နှစ်ခြိုက်ကျေနပ်မယ့် အရုပ်ကြီးတွေ ဖြစ်ပါတယ်။ နေအိမ်မှာပဲဖြစ်ဖြစ်၊ ခရစ္စမတ်ကို ကြိုဆိုဖို့ပြင်ဆင်ထား တဲ့ ရုံးခန်းတွေမှာပဲဖြစ်ဖြစ် နေရာ သိပ်မယူဘဲ ထားရှိနိုင်မယ့် စိတ်ကြည်နူးကျေနပ်စရာ အရုပ်ကြီးတွေပါ။ လေမှုတ်ထားတဲ့ နှင်းခဲရုပ်တုပုံတွေက နေပူလာရင် အရည် ပျော်ကျသွားမှာကိုလည်း မစိုးရိမ် ရဘူးပေါ့။


LED သစ်ပင်

ခရစ္စမတ်သစ်ပင် စစ်စစ် မဟုတ်ပေမယ့် ခရစ္စမတ်ပါတီ ကျင်းပတဲ့ ခြံဝင်းလို နေရာမျိုးတွေမှာ အလှဆင်ဖို့ အရမ်းအဆင်ပြေပါတယ်။ အမြင့် လေးမီတာ လောက် အရွယ်အစားထိ ရွေး ချယ်နိုင်ပြီး သစ်ပင်တစ်ပင်မှာ LED မီးလုံးပေါင်း လေးထောင် ကျော်လောက် တပ်ဆင်ထားလေ့ ရှိတယ်။ ခရစ္စမတ်ပွဲတော် အလှ ဆင်ပစ္စည်းတစ်ခုအနေနဲ့ လူတိုင်းသဘောကျမှာ သေချာပါတယ်။ မီးရောင်တွေကလည်း အမျိုးမျိုး အဖုံဖုံရှိနိုင်ပြီး  ပင်လုံးကျွတ် တောက်ပတဲ့ ပန်းပွင့်လေးတွေ ပွင့်လန်းနေသလို အမြင်ဆန်းနေမှာ ဖြစ်ပါတယ်။


Star Shower Slideshow

ရောင်စုံကြယ်ပွင့်လေးတွေ ရွာသွန်းဖြာကျနေသလို မီးရောင်နဲ့ အလှဆင်ထားတဲ့ Projectorတစ်မျိုးပါ။ LED မီးရောင်လေး တွေကို အရောင်အသွေးအစုံလင် ဆုံးနဲ့ အတောက်ပဆုံး ပုံဖော်ပေးနိုင်ပါတယ်။ ခရစ္စမတ်နဲ့တော့ အကိုက်ပါပဲ။ ကြယ်ပွင့်ပုံတွေအ ပြင် ခရစ္စမတ်သစ်ပင်ပုံ၊ ခေါင်း လောင်းပုံ၊ နှင်းရုပ်တုပုံလေးတွေကိုလည်း ရွေးချယ်နိုင်ပါသေး တယ်။ ခရစ္စမတ်သစ်ပင်နဲ့ အနီးတစ်ဝိုက်မှာ မီးရောင်ဖြန့်ကြက် အလှဆင်ဖို့ အသင့်တော်ဆုံး Gadget တစ်မျိုးပါ။ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး မီးရောင်အရွှေ့အ ပြောင်း Setting တွေကိုလည်း ပြောင်းလဲနိုင်ပါတယ်။  Ref: T3, CNet

ခရစ္စမတ်ကို အလှဆင်ပေးမယ့် စမတ် Gadget လေးများ ခရစ္စမတ်ကို အလှဆင်ပေးမယ့် စမတ် Gadget လေးများ Reviewed by The Collector on Thursday, December 21, 2017 Rating: 5

No comments