မြန်မာနိုင်ငံတွင် ဖိုက်ဘာအင်တာနက် ၀န်ဆောင်မှုပေးရန် တယ်လီနောပြင်ဆင်


 မြန်မာနိုင်ငံ၌ ဖိုက်ဘာ အင်တာနက်ဝန်ဆောင်မှုပေးရန် တယ်လီနောအနေဖြင့် စိတ်ဝင် စားကြောင်း အော်ပရေတာစီအီး အို အဲရစ်တဲမန်းကပြောသည်။

‘‘ဖိုက်ဘာနဲ့ပတ်သက်ပြီး တော့ ရှေ့ပြေးစမ်းသပ်မှုတွေကို ရန်ကုန်မှာလုပ်နေတာရှိတယ်။ အကြီးအကျယ်မိတ်ဆက်ဖို့တော့ မရှိသေးဘူး။ ဘယ်လိုနည်းပညာ သုံးရင်ကောင်းမလဲဆိုတာ လေ့ လာနေတာပါ’’ ဟု ၎င်းကပြော ကြားသည်။

တယ်လီနောအနေဖြင့် ဖိုက် ဘာအင်တာနက်လိုင်းရောင်းချ သည့် ဈေးကွက်သို့ ၀င်ရောက်ရန် ပြင်ဆင်နေစဉ် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းသည် ရန်ကုန်မြို့က စတင်၍ ဖိုက်ဘာအင်တာနက် လိုင်းမိတ်ဆက်ခဲ့သည်။ အလား တူအူရီးဒူးသည် ရတနာပုံတယ် လီပို့နှင့်ပူးပေါင်း၍ မန္တလေးမြို့ ကစတင်ကာ ဖိုက်ဘာအင်တာ နက်လိုင်းရောင်းချခဲ့သည်။

Gateway (အပြည်ပြည်ဆိုင် ရာအင်တာနက်ဝင်ပေါက်၊ ထွက် ပေါက်)၀န်ဆောင်မှုလိုင်စင်ရရှိ ထားသည့် Global Technology နှင့် Campana ကုမ္ပဏီသည် ဖိုက်ဘာအင်တာနက်ကို ဆက်သွယ်ရေးအော်ပရေ တာများနှင့်အပြိုင် ၀န်ဆောင်မှု ပေးမည်ဟု ဒီဇင်ဘာ ၁၅ ရက်တွင်ကြေညာခဲ့သည်။

‘‘၂၀၁၃ ကိုပြန်ကြည့်ရင် 1Mbps ကို ဒေါ်လာသုံးရာ လောက်နဲ့ဝယ်ရတယ်။ အခု 1 Mbps ကို ရှစ်ဒေါ်လာပဲကျတော့ တယ်။ Gateway ကုမ္ပဏီတွေပို များလာခဲ့မယ်ဆိုရင် ဈေးနှုန်းက ဒီထက်ပိုသက်သာလာမယ်’’ ဟု Global Technology Group  စီအီးအိုဦးသိန်းသန်းတိုးက ပြော ကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် ဖိုက်ဘာအင်တာနက် ကို ၂၀၁၇ ဩဂုတ် ၁ ရက်တွင် စတင်ဝန်ဆောင်မှု ပေးအပ်ခဲ့ပြီး အူရီးဒူးက နိုဝင်ဘာ ၁ ရက်တွင် ၀န်ဆောင်မှုစတင်ခဲ့သည်။

 အင်တာနက်လိုင်းရောင်းချ သည့်ကုမ္ပဏီသည် Gateway လိုင်စင်မရှိမီ အော်ပရေတာသုံး ခုထံမှ အင်တာနက်အသုံးပြုသည့် ပမာဏ (Bandwidth)ကို တစ် ဆင့်ဝယ်ယူ၍ ပြန်လည်ရောင်းချ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖိုက်ဘာအင်တာနက် ၀န်ဆောင်မှုပေးရန် တယ်လီနောပြင်ဆင် မြန်မာနိုင်ငံတွင် ဖိုက်ဘာအင်တာနက် ၀န်ဆောင်မှုပေးရန် တယ်လီနောပြင်ဆင် Reviewed by The Collector on Thursday, December 28, 2017 Rating: 5

No comments