ယူနီဆက်မှ စစ်တမ်းအချက်အလက်များ နည်းပညာဖြင့်ခွဲခြမ်းစိတ်ဖြာရမည့်ပြိုင်ပွဲကို ကန်ဒေါ်လာ ၅၀၀ တန်ဆုချီးမြှင့်မည်


 ယူနီဆက်မှ စစ်တမ်း ကောက်ယူထားသည့်အချက်အ လက်များကို ဆော့ဖ်ဝဲတစ်ခု (သို့ မဟုတ်) ပရိုဂရမ်တစ်ခုကို အသုံး ပြု၍ အလွယ်ကူဆုံးပုံစံအဖြစ် ပြောင်းလဲပေးနိုင်သူကို ကန်ဒေါ် လာ ၅၀၀ တန်ဖိုးရှိဆုချီးမြှင့်မည် ဖြစ်သည်။

 ကွန်ပျူတာပညာရှင်များအနေဖြင့် ယူနီဆက်မှ ကောက်ယူ ထားသည့် ကလေးသူငယ်များရင် ဆိုင်ကြုံတွေ့နေရသော ပညာ ရေး၊ ငွေကြေး၊ လူ့အခွင့်အရေး နှင့်အခြားသောလိုအပ်ချက်များ ကို အလွယ်ကူဆုံးနှင့်အရှင်းလင်း ဆုံးဖြစ်စေရန် ဆောင်ရွက်ရမည် ဖြစ်သည်။


အချက်အလက်များ နည်း ပညာဖြင့် ခွဲခြမ်းစိတ်ဖြာရမည့် ပြိုင်ပွဲကို ယူနီဆက်နှင့် New Westminster Institute တို့ ပူး ပေါင်း ကျင်းပခြင်းဖြစ်သည်။ ၂၀၁၈ ဇန်န၀ါရီ ၁၂ ရက်ကစတင် ကာ သုံးရက်ကြာကျင်းပမည့် အ ဆိုပါပြိုင်ပွဲတွင် ကွန်ပျူတာပရို ဂရမ်မာ ၅၀ ခန့်လာရောက်ယှဉ် ပြိုင်မည်ဟု စီစဉ်သူများက ခန့် မှန်းထားသည်။

 ယူနီဆက်ရုံးတွင်ကျင်းပ မည့်အဆိုပါပြိုင်ပွဲကို ငါးဦးတစ်ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲအနိုင်ရပရော ဂျက်ကို ယူနီဆက်က အချက်အ လက်ခွဲခြမ်းစိတ်ဖြာသည့်နေရာ တွင် ပြန်လည်အသုံးပြုမည်ဖြစ် သည်။

 အချက်အလက်များ ခွဲခြား စိတ်ဖြာရမည့်ပြိုင်ပွဲကို  ယူနီ ဆက်နှင့် New Westminster Institute တို့က Data Visua-lization Hackathon ဟု အမည် ပေးထားသည်။

ယူနီဆက်မှ စစ်တမ်းအချက်အလက်များ နည်းပညာဖြင့်ခွဲခြမ်းစိတ်ဖြာရမည့်ပြိုင်ပွဲကို ကန်ဒေါ်လာ ၅၀၀ တန်ဆုချီးမြှင့်မည် ယူနီဆက်မှ စစ်တမ်းအချက်အလက်များ နည်းပညာဖြင့်ခွဲခြမ်းစိတ်ဖြာရမည့်ပြိုင်ပွဲကို ကန်ဒေါ်လာ ၅၀၀ တန်ဆုချီးမြှင့်မည် Reviewed by The Collector on Saturday, December 30, 2017 Rating: 5

No comments