ဆရာများနှင့်ကျောင်းသားများအား ဆော့ဖ်ဝဲများအခမဲ့သုံးခွင့်ပေးမည်ဟု မိုက်ခရိုဆော့ဖ် ကြေညာ


ဓာတ်ပုံ − salesbox

 ဆရာများနှင့်ကျောင်း သားများအား နည်းပညာဆော့ဖ်ဝဲ များ အခမဲ့အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း အမေရိကန်အခြေ စိုက်ထိပ်တန်းနည်းပညာ ကုမ္ပဏီ မိုက်ခရိုဆော့ဖ်က သတင်းထုတ် ပြန်သည်။

‘‘ပညာရေးကဏ္ဍက အဖွဲ့အ စည်းတွေအနေနဲ့ ကျောင်းသား တွေရဲ့ အနာဂတ်ကာလစိန်ခေါ်မှု တွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေဖြစ်တဲ့ တီထွင် ဖန်တီးနိုင်မှုနှင့် ကျိုးကြောင်းဆီ လျော်စွာစဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည်တွေ မြင့်မားလာစေဖို့ ဒစ်ဂျစ်တယ်ပညာရေးစနစ်ကို ပြောင်းလဲဖို့ အရေးကြီးပါတယ်’’ ဟု Microsoft Asia Pacific ၏ ပညာရေးကဏ္ဍဆိုင်ရာ ညွှန်ကြား ရေးမှူး မစ္စတာဒွန်ကာလ်စွန်က ပြောကြားသည်။


 ကမ္ဘာ့အဆင့်မီ ပူးပေါင်း ဆက်သွယ်လုပ်ဆောင်နိုင်မည့် နည်းပညာများကို ဆရာများအား အခမဲ့သုံးစွဲခွင့်ပေးခြင်းဖြင့် မြန်မာ့ အနာဂတ်ခေါင်းဆောင်ကျောင်း သားလူငယ်များကို နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများနှင့် အစိုးရ များအသုံးပြုနေသော ဆော့ဖ်ဝဲ ဖြင့် လေ့ကျင့်သင်ကြားနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

မိုက်ခရိုဆော့ဖ်သည် မြန်မာ့ ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ခြင်းဖြင့် ကျောင်းသားများနှင့် ဆရာများစွမ်းဆောင်ရည်ပိုမိုမြင့် မားရန်ဆောင်ရွက်မည်ဖြစ်ပြီး Microsoft 365 Education အနေဖြင့် Office 365 for Education, Window 10, Enterprise Mobility+Security နှင့် Minecraft: Education Edition အစရှိသည့်နည်းပညာ ဆော့ဖ်ဝဲများကို ပညာရေးကဏ္ဍ အတွက် ထောက်ပံ့ပေးမည်ဖြစ် သည်။

၂၀၁၄ သန်းခေါင်စာရင်းအ ရ မြန်မာနိုင်ငံ၌စာတတ်မြောက် နှုန်း ၈၉ ဒသမ ၅ ရာခိုင်နှုန်းရှိ သော်လည်း ကလေးငါးဦးလျှင် တစ်ဦးကျောင်းနေခြင်းမရှိဘဲ လက်ရှိတွင် နိုင်ငံအတွင်း ကဏ္ဍ အသီးသီး၌ ကျွမ်းကျင်လုပ်သား ရှားပါးမှုနှင့် အကြီးအကျယ်ရင် ဆိုင်နေရကြောင်း မစ္စတာ ဒွန်ကာလ်စွန်ကပြောသည်။

ယင်းသည် ဒစ်ဂျစ်တယ် နည်းပညာပြောင်းလဲမှုဖြင့် ပညာ ရေးရလဒ်ကောင်းများထွက်ပေါ် လာရန် အမြန်လိုအပ်နေကြောင်း ပြသနေသည်ဟု ဆိုသည်။

ဆရာများနှင့်ကျောင်းသားများအား ဆော့ဖ်ဝဲများအခမဲ့သုံးခွင့်ပေးမည်ဟု မိုက်ခရိုဆော့ဖ် ကြေညာ ဆရာများနှင့်ကျောင်းသားများအား ဆော့ဖ်ဝဲများအခမဲ့သုံးခွင့်ပေးမည်ဟု မိုက်ခရိုဆော့ဖ် ကြေညာ Reviewed by The Collector on Tuesday, December 26, 2017 Rating: 5

No comments