နိုင်ငံ ၁၆၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်သည့် Xiaomi ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာငွေတံဆိပ်ရ


နိုင်ငံ ၁၆၀ ခန့်မှ ဓာတ်ပုံ ပေါင်း ခုနစ်သောင်းကျော်ဝင် ရောက်ယှဉ်ပြိုင်သည့် Xiaomi မိုဘိုင်းဖုန်း ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ဦးညီသူရက ငွေတံဆိပ်ဆုရရှိကြောင်း  ဒီဇင် ဘာ ၂၀ ရက်၌ ကုမ္ပဏီက ကြေ ညာသည်။

ဆုရဓာတ်ပုံသည် ဖယ်ခုံ အင်းအတွင်း ရိုက်ကူးထားကာ ဆုကြေး ကန်ဒေါ်လာတစ်သောင်း ရရှိပြီး Xiaomi ကုမ္ပဏီက ဘဏ် မှတစ်ဆင့် လွှဲပေးကြောင်းဦးညီ သူရက ပြောသည်။

‘‘Mi A1 ဖုန်းနဲ့ပဲ ရိုက်ရတာ ဗျ။ သူတို့က ပြင်တာကိုလည်း ခွင့်မပြုဘူး’’ ဟု ၎င်းကပြောသည်။

Xiaomi နှင့် Google ပူးပေါင်းထုတ်လုပ်ထားသည့် Mi A1 ဖုန်း အမျိုးအစားဖြင့်သာ ရိုက်ကူး ယှဉ်ပြိုင်ရပြီး မြန်မာအပါအဝင် အိန္ဒိယနိုင်ငံသား နှစ်ဦး၊  အင်ဒိုနီးရှားနိုင်ငံသားနှစ်ဦးနှင့် ဗီယက်နမ် နိုင်ငံသားတစ်ဦး ဆုရရှိသည်။ 

ပြိုင်ပွဲဝင် Mi A1 ဟန်းဆက်ကို Xiaomi က ၂၀၁၇  စက်တင်ဘာအတွင်း စတင်မိတ်ဆက်ခဲ့ပြီး  ကင်မရာ Pixel 12MP ပါဝင်သည်။

‘‘ပြိုင်ပွဲဝင်ပုံကိုလည်း အွန် လိုင်းကနေပဲ ပေးရတာပါ။ Mi အနေနဲ့ကတော့ ဓာတ်ပုံပြိုင်ပွဲ လုပ်တာ ပထမဦးဆုံးပါ’’ ဟု ဦးညီသူရက ပြောသည်။

မိုဘိုင်းဟန်းဆက် ကုမ္ပဏီ များသည်  ထုတ်ကုန်သစ်များ မိတ်ဆက်ရာတွင် ၂၀၁၆ နောက် ပိုင်းကင်မရာကို အဓိကထား မိတ်ဆက်ခဲ့သည်။ 

မိုဘိုင်းဖုန်းဓာတ်ပုံစွမ်းရည်နှင့် ပတ်သက်၍  i Phone  ကုမ္ပဏီသည် နှစ်စဉ်ပြိုင်ပွဲများ ပြုလုပ်သည်။

နိုင်ငံ ၁၆၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်သည့် Xiaomi ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာငွေတံဆိပ်ရ နိုင်ငံ ၁၆၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်သည့် Xiaomi ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာငွေတံဆိပ်ရ Reviewed by The Collector on Friday, December 22, 2017 Rating: 5

No comments