လူငယ်များအတွက် ကျန်းမာရေးဆိုင်ရာအသိပညာပေး မိုဘိုင်းအက်ပလီကေးရှင်း မိတ်ဆက်


လူငယ်များအတွက် ဖန်တီးထားသည့် ကျန်းမာရေး ဆိုင်ရာအသိပညာပေး မိုဘိုင်း အက်ပလီကေးရှင်းကို ဒီဇင်ဘာ ၂၀ ရက်တွင် စတင်မိတ်ဆက်ခဲ့ သည်။

လူငယ်များအနေဖြင့် မိမိတို့ ၏ ခန္ဓာကိုယ်အကြောင်းကို ပိုမို သိရှိနားလည်စေရန်နှင့် ကျန်းမာ ပြည့်စုံသည့် လူနေမှုပုံစံများ သဘောပေါက်နားလည်စေရေး မှန်ကန်သည့်  သတင်းအချက်အလက်များပေးနိုင်ရန်  အဆိုပါ  အက်ပလီကေးရှင်းကို  ဖန်တီးခြင်းဖြစ်သည်။

အချစ်ပုစ္ဆာဘ၀အဖြေရှာ (Love Question Life Answer) အမည်ရှိ မိုဘိုင်းအက်ပလီကေး ရှင်းကို ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် ကုလသမဂ္ဂလူဦး ရေးရန်ပုံငွေအဖွဲ့ (UNFPA) တို့ ပူးပေါင်းဖန်တီးခြင်းဖြစ်သည်။

အဆိုပါအက်ပလီကေးရှင်း တွင် ဆယ်ကျော်သက်၊ ချစ်ခြင်း မေတ္တာ၊ လိင်မှုဆိုင်ရာစိတ်ဆန္ဒ၊ သားဆက်ခြားရန် နည်းလမ်း၊ အိတ်ခ်ျအိုင်ဗီ အပါအ၀င်ရောဂါ များ၊ ကျားမရေးရာ၊ အရက်နှင့် မူးယစ်ဆေးဝါး၊ ဘ၀တွက်တာ ကျွမ်းကျင်စရာစသည့်တို့ကို ရုပ် ပုံများနှင့်တကွ အသေးစိတ်ဖော်ပြ ထားသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျန်းမာရေးဝန် ဆောင်မှုပေးနိုင်မည့်အရာများနှင့် ၀န်ဆောင်မှုပေးမည့် နေရာများ ကို ဆက်သွယ်နိုင်သည့် နည်းလမ်းများ၊ ကျန်းမာရေးဆိုင်ရာပြဿနာများကို ခေါ်ဆိုမေးမြန်းနိုင်သော ဖုန်းနံပါတ်များကို အက်ပလီကေး ရှင်းအတွင်း ထည့်သွင်းထား သည်။

ယင်းအက်ပလီကေးရှင်းကို Android ဖုန်းအပါအ၀င် iOS ဖုန်း များပါ အသုံးပြုနိုင်ရန် စီစဉ် သည့်အပြင် ၀က်ဘ်ဆိုက်အနေ ဖြင့်ပါ လေ့လာနိုင်ရန် http://ift.tt/2DmYCQQ ကိုလွှင့်တင်ခဲ့သည်။ မြန်မာနိုင်ငံတွင် အသက် (၁၀) နှစ်မှ (၂၄) နှစ်အ တွင်း လူငယ်အရေအတွက် လူ ဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိ သည်။လူငယ်များကို ကျန်းမာရေး ဆိုင်ရာအသိပညာများဖြန့်ဝေနိုင် ရန် အချစ်ပုစ္ဆာဘ၀ အဖြေရှာ အက်ပလီကေးရှင်းကို ၂၀၁၅ က စ၍ ၂ နှစ်ကြာ ရေးဆွဲခြင်းဖြစ် သည်။

အဆိုပါအက်ပလီကေးရှင်း ကို Offline အနေဖြင့် အသုံးပြုနိုင် ရန် ဖန်တီးထားပြီး Playstore တွင်သာမက ဆိုရှယ်မီဒီယာဖေ့စ် ဘွတ်ခ်နှင့် ၀က်ဘ်ဆိုက်တို့က တစ်ဆင့်လည်း အခမဲ့ရယူနိုင် သည်။

လူငယ်များအတွက် ကျန်းမာရေးဆိုင်ရာအသိပညာပေး မိုဘိုင်းအက်ပလီကေးရှင်း မိတ်ဆက် လူငယ်များအတွက် ကျန်းမာရေးဆိုင်ရာအသိပညာပေး မိုဘိုင်းအက်ပလီကေးရှင်း မိတ်ဆက် Reviewed by The Collector on Thursday, December 21, 2017 Rating: 5

No comments