နည်းပညာနှင့် စွန့်ဦးတီထွင်လူငယ်များကို ကုမ္ပဏီထောင်နိုင်သည်အထိ ကူညီမည်ဟု အမ်ပီတီကြေညာ


စွန့်ဦးတီထွင်လူငယ်များအား မြေတောင်မြှောက်ပေးရေး အစီအစဉ်ကို မိတ်ဆက်ပြောကြားစဉ် (MPT)

စိုက်ပျိုးရေး၊ စီးပွားရေး အပါအဝင် ကဏ္ဍအသီးသီးကို နည်းပညာနှင့် ဆက်နွှယ်၍ အသစ်အဆန်းတီထွင်ဖန်တီးကာ အကျိုး ပြုနိုင်မည့် အဖွဲ့သုံးဖွဲ့ကို ကုမ္ပဏီ ထောင်နိုင်သည်အထိ ကူညီပေး မည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာသည်။

ပညာရေး၊ ကျန်းမာရေး၊ ဖျော်ဖြေရေး၊ လူမှုပတ်ဝန်းကျင်၊ Civic Tech နှင့် Open Data စသည့်ကဏ္ဍများ ပါဝင်ပြီး ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် တီထွင်ဖန်တီးမှုအသစ်အဆန်း ပိုင်ဆိုင်ထားရန်မလိုအပ်ကြောင်း၊အသစ်အဆန်းတီထွင် လိုသည့် စိတ်ကူးစိတ်သန်းများကိုသာ တင်ပြနိုင်ရန် လိုအပ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပြန်ကြားရေးတာဝန်ခံ မဟေမန်စိုးက ပြောသည်။

အဖွဲ့တစ်ဖွဲ့လျှင် လူငယ်နှစ် ဦးမှ ငါးဦးအထိ ပါဝင်နိုင်ပြီး အ ထက်မြန်မာပြည်အတွက် အဖွဲ့ ၁၅ ဖွဲ့၊ အောက်မြန်မာပြည်အ တွက် အဖွဲ့ ၁၅ ဖွဲ့ကို ပဏာမ ရွေးချယ်မည်ဖြစ်သည်။ နောက်ဆုံးအဆင့် ရွေးချယ်ခံရသည့်အဖွဲ့ သုံးဖွဲ့ကို ဆုငွေကျပ်သိန်း ၅၀ အပြင် ကုမ္ပဏီထောင်နိုင်သည် အထိ ကူညီပေးမည်ဖြစ်သည်။

စွန့်ဦးတီထွင်လူငယ်များအ တွက် မြေတောင်မြှောက်ပေး သည့်အစီအစဉ်ကို မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ပူး ပေါင်းဆောင်ရွက်ခဲ့သည်။ ယှဉ် ပြိုင်လိုသူများသည် ၂၀၁၈ ဇန်န ဝါရီ ၁၈ ရက်နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်သည်။

လျှောက်ထားရန် လိုအပ် သော အချက်အလက်ကို http://ift.tt/2yx1LKoတွင် ဝင်ရောက်လေ့လာနိုင်သည်။ အနိုင်ရရှိသည့် အသင်းသုံးသင်း ကို တီထွင်ဖန်တီးမှု အိုင်ဒီယာ အ ကောင်အထည် ဖော်ဆောင်နိုင် ရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အ ကူပြုစင်တာ Kanaung Hub တွင် ပညာရှင်များနှင့် ခြောက်လ ကြာ လေ့ကျင့်သင်ကြားမည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် လူမှုအကျိုးပြုလုပ်ငန်း အဖြစ် ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင်လုပ်ငန်းကို အဓိက ထောက်ပံ့ပေးမည်ဟု အော်ပရေ တာ အထွေထွေမန်နေဂျာ ဦးနိုင်ကိုကိုက ပြောသည်။ အလားတူ အသစ်ဝင်ရောက်လာမည့် ဆက် သွယ်ရေးအော်ပရေတာ My Tel က ပညာရေးကဏ္ဍအတွက် ဒေါ်လာသန်း ၈၀ ကူညီထောက်ပံ့ မည်ဟု ကတိပြုထားသည်။

နည်းပညာနှင့် စွန့်ဦးတီထွင်လူငယ်များကို ကုမ္ပဏီထောင်နိုင်သည်အထိ ကူညီမည်ဟု အမ်ပီတီကြေညာ နည်းပညာနှင့် စွန့်ဦးတီထွင်လူငယ်များကို ကုမ္ပဏီထောင်နိုင်သည်အထိ ကူညီမည်ဟု အမ်ပီတီကြေညာ Reviewed by The Collector on Thursday, December 21, 2017 Rating: 5

No comments