၂၀၁၈ တွင် မှတ်ဉာဏ်တုအပါအဝင် နည်းပညာသစ် ခုနစ်မျိုးခန့် ဈေးကွက်အတွင်းဝင်ရောက်မည်ဟု တယ်လီနောခန့်မှန်း


၂၀၁၇ အတွင်း တီထွင် ဖန်တီးနိုင်ခဲ့သည့် မှတ်ဉာဏ်အတု နည်းပညာအပါအဝင် နည်းပညာ အသစ်များသည် ၂၀၁၈ အတွင်း ဈေးကွက်အတွင်းသို့ ခုနစ်မျိုးခန့် ပြောင်းလဲဝင်ရောက်လာမည်ဟု တယ်လီနောသုတေသနစင်တာ က ထုတ်ပြန်သည်။

၂၀၁၇ အတွင်း မောင်းသူမဲ့ မော်တော်ကားများ၊ မှတ်ဉာဏ် အတုနည်းပညာများ၊ Big Data နှင့် ဒစ်ဂျစ်တယ်ငွေကြေးစနစ်များ စတင်နိုင်ခဲ့သည်။ နည်းပညာ ကဏ္ဍအသစ်အပြောင်းအလဲဖြစ် လာခြင်းသည် အသုံးပြုသူနှစ် သက်မှုနှင့် နည်းပညာဆိုင်ရာ ချိတ်ဆက်မှုများကြောင့် ဖြစ်သည်ဟု သုတေသနစင်တာတာဝန်ခံ Mr. Taale Sandberg က ပြောသည်။


၂၀၁၈ အတွင်း ဈေးကွက်၌ ခေတ်စားလာမည့် နည်းပညာ ပစ္စည်းများတွင် Deep Learning နည်းပညာအသုံးပြု မောင်းသူမဲ့ ကားများနှင့် မျက်နှာစကန်ဖတ် သည့် Face Recognition စနစ် များပါဝင်သည်။

 ပုံရိပ်ယောင်နည်းပညာ Augmented Reality သည်လည်း ၂၀၁၈ အတွင်း အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာမည်ဟု တယ်လီ နောက လက်ခံထားသည်။

 အလားတူ လူ့အသုံးအ ဆောင်ပစ္စည်းများသည်လည်း ငွေကြေးပေးချေသည့် ကွန်ရက် နှင့်ချိတ်ဆက်လာမည်ဖြစ်သည်။ မှတ်ဉာဏ်အတုနည်းပညာကို အခြေခံသည့် နာရီကဲ့သို့သော လူ့ အသုံးအဆောင်များသည် ငွေပေး ချေမှုပုံစံအသစ်နှင့် ချိတ်ဆက်လာ မည်ဟု တယ်လီနောက ထုတ်ပြန် ခဲ့သည်။

တယ်လီနော၏သုတေသန စင်တာသည် ၂၀၁၈ အတွင်း ပြောင်းလဲလာမည့် နည်းပညာအ သစ်များကို ဒီဇင်ဘာ ၂၂ ရက် တွင် ထုတ်ပြန်ခဲ့သည်။ အပြောင်း အလဲခုနစ်ခုတွင် ဆိုရှယ်မီဒီယာ ပေါ်တွင် လူမှုရေးရာထက် သတင်းမီဒီယာက ပိုမိုအားသာ လာမည်ဟု ပါရှိသည်။

၂၀၁၈ တွင် မှတ်ဉာဏ်တုအပါအဝင် နည်းပညာသစ် ခုနစ်မျိုးခန့် ဈေးကွက်အတွင်းဝင်ရောက်မည်ဟု တယ်လီနောခန့်မှန်း ၂၀၁၈ တွင် မှတ်ဉာဏ်တုအပါအဝင် နည်းပညာသစ် ခုနစ်မျိုးခန့် ဈေးကွက်အတွင်းဝင်ရောက်မည်ဟု တယ်လီနောခန့်မှန်း Reviewed by The Collector on Tuesday, December 26, 2017 Rating: 5

No comments