ကညနတွင် ယာဉ်လိုင်စင်သက်တမ်း တိုးရန် အွန်လိုင်းမှတစ်ဆင့် ဘွတ်ကင် တင်သည့်စနစ် ကျင့်သုံးမည်


 ကားလိုင်စင်သက်တမ်း တိုးရာတွင် ယာဉ်စစ်ဆေးမည့် ရက်ချိန်းကို အွန်လိုင်းက  ဘွတ်ခ်ကင်ပြုလုပ်သည့်စနစ် ဒီဇင်ဘာ ၂၇ ရက်က စတင်၍ အသုံးပြုနိုင်မည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၁၅ ရက်တွင် အသိပေးကြေညာ သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်သက်တမ်းတိုးသည့် ယာဉ် အစီးရေများပြားလာသဖြင့် အချိန်ကြာမြင့်ခြင်း၊ ယာဉ်များတန်းစီရပ် နားထားသဖြင့် လမ်းပေါ်တွင် ယာဉ်ကြောကျပ်တည်းခြင်း အ ခက်ခဲများ ကြုံတွေ့နေရကြောင်း၊ ယင်းအခက်အခဲများ လျော့နည်းစေရန် အွန်းလိုင်းဘွတ်ခ်ကင်စနစ်ကို ဒီဇင်ဘာ ၂၇ ရက်က စတင်ကျင့်သုံးမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အွန်လိုင်းက ဘွတ်ခ်ကင်ယူထားသည့် ယာဉ်များကို ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် စတင်စစ်ဆေးပေးမည်ဖြစ်ပြီး နယ်ဝင်ယာဉ် များ၊ ပြောင်းလဲစစ်ဆေးခံမည့် ယာဉ်များနှင့် ဆိုင်ကယ်များအနေဖြင့် အွန်လိုင်းဘွတ်ခ်ကင် လုပ်ရန်မလိုဘဲ ယခင်အတိုင်း စစ်ဆေးနိုင်ကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ ယာဉ်စစ်ဆေး မည့်ရက်ကို ဘွတ်ခ်ကင်ရယူနိုင်၍ အချိန်ကုန် သက်သာကြောင်း စနစ်တစ်ခုလုံးကို စာရွက်စာတမ်း များ အသုံးပြုနေခြင်းထက် ကွန်ပျူတာနည်းပညာများသုံးကာ အသုံးပြုဆောင်ရွက်နိုင်ပါက ပိုမိုအဆင်ပြေလာနိုင်ကြောင်း ယာဉ်အရောင်းအဝယ်လုပ်ကိုင်သူ ဦးမင်း မင်းက ပြောသည်။

ကညနတွင် ယာဉ်လိုင်စင်သက်တမ်း တိုးရန် အွန်လိုင်းမှတစ်ဆင့် ဘွတ်ကင် တင်သည့်စနစ် ကျင့်သုံးမည် ကညနတွင် ယာဉ်လိုင်စင်သက်တမ်း တိုးရန် အွန်လိုင်းမှတစ်ဆင့် ဘွတ်ကင် တင်သည့်စနစ် ကျင့်သုံးမည် Reviewed by The Collector on Thursday, December 21, 2017 Rating: 5

No comments