ရထားလမ်းပိုင်းသုံးခု၌ ဖိုက်ဘာကေဘယ် သွယ်တန်းရန်စီစဉ်


 ရထားလမ်းပိုင်းသုံးခု တွင် ဖိုက်ဘာကေဘယ်သွယ် တန်းမည်ဟု မြန်မာ့မီးရထား စီး ပွားရေးဌာန လက်ထောက်အထွေ ထွေမန်နေဂျာ ဦးသန့်ဇင်က ပြော ကြားသည်။

ရန်ကုန်-ထားဝယ်၊ ရန်ကုန်-ပြည်နှင့် မန္တလေး - မြစ်ကြီးနား ရထားလမ်းတို့ဖြစ်ပြီး ရထားလမ်း တစ်လျှောက် ဖိုက်ဘာကေဘယ် သွယ်တန်းရန် ကုမ္ပဏီ ငါးခုကို မြန်မာ့မီးရထားက ပဏာမရွေး ချယ်ထားသည်။

မီးရထားလမ်းတစ်လျှောက် ဖိုက်ဘာကေဘယ် သွယ်တန်း ခြင်းအားဖြင့် မြန်နှုန်းမြင့် အင်တာ နက်ကွန်ရက်ကို ဖြတ်သန်းသွား ရာ မြို့အားလုံးတွင် လွယ်ကူစွာ ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ် သည်။


ဖိုက်ဘာကေဘယ် သွယ် တန်းခွင့်ရသည့် ကုမ္ပဏီသည် မည်သည့်ဆက်သွယ်ရေးကုမ္ပဏီ ကိုမဆို ဖိုက်ဘာပြန်လည်ရောင်း ချခွင့်ရှိမည်ဟု ဦးသန့်ဇင်က ပြောသည်။

ဖိုက်ဘာကေဘယ် သွယ် တန်းရန် ပဏာမရွေးချယ်ထား သည့် ကုမ္ပဏီငါးခုသည် TMH တယ်လီကွန်းအများပိုင်ကုမ္ပဏီ နှင့် China ITs ကုမ္ပဏီ၊  Fortune အင်တာနေရှင်နယ် လီမိတက်၊ Myanmar Telecommunication Network ကုမ္ပဏီ၊ Myanmar National Tele & Communica -tion ကုမ္ပဏီ၊ Y Net အများပိုင် ကုမ္ပဏီတို့ဖြစ်သည်။

‘‘ဘယ်သူ့ကို ရွေးမယ်ဆိုတာ ကတော့ သူတို့ပြန်လည်တင်ပြ လာတဲ့ အဆိုပြုချက်တွေအပေါ် မူတည်တယ်’’ဟု ဦးသန့်ဇင်က ပြောသည်။

တင်ဒါအောင်သည့်ကုမ္ပဏီ က ဖိုက်ဘာကေဘယ်ကို အရင်း အနှီးစိုက်ထုတ်ကာ အကောင် အထည်ဖော်ရမည်ဖြစ်သည်။

‘‘မြန်မာ့မီးရထားမြေမှာဖြစ် တဲ့အတွက် ကျွန်တော်တို့က မြေ ငှားခရမယ်။ နောက်ပြီး ဖိုက်ဘာ ပမာဏတစ်ခုကို မြန်မာ့မီးရထား သုံးဖို့အတွက် ပြန်ပေးရမယ်’’ဟု ဦးသန့်ဇင်က ပြောသည်။

အော်ပရေတာများနှင့် အင် တာနက်လိုင်း ရောင်းချသည့် ကုမ္ပဏီများ ဈေးကွက်ချဲ့ထွင်ရန် ပင်မဖိုက်ဘာကေဘယ် လိုအပ် ချက် မြင့်မားလာချိန်တွင် မြန်မာ့ မီးရထားက ရထားလမ်းပိုင်းသုံးခု တွင် ဖိုက်ဘာကေဘယ် သွယ် တန်းခွင့်ကို တင်ဒါခေါ်ယူခဲ့သည်။

လုပ်ငန်းများ စတင်မည့် အချိန်ကို အတိအကျမပြောနိုင် သေးဘဲ ကုမ္ပဏီများ၏ အဆိုပြု ချက်ပေါ်မူတည်၍ လုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ရန်ကုန်-မန္တ လေး ရထားလမ်းပိုင်းတွင် ဖိုက် ဘာကေဘယ် သွယ်တန်းထား သော်လည်း သက်တမ်းကျော် လွန်နေပြီဖြစ်သည်။

ရထားလမ်းပိုင်းသုံးခု၌ ဖိုက်ဘာကေဘယ် သွယ်တန်းရန်စီစဉ် ရထားလမ်းပိုင်းသုံးခု၌ ဖိုက်ဘာကေဘယ် သွယ်တန်းရန်စီစဉ် Reviewed by The Collector on Friday, December 29, 2017 Rating: 5

No comments