မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဖေ့စ်ဘွတ်ခ်ပေ့ခ်ျအတု ဖန်တီးသူများကို အရေးယူရန်စီစဉ်


 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) အယောင်ဆောင် ထားသည့် ဖေ့စ်ဘွတ်ခ်ပေ့ခ်ျဖန် တီးသူများကို အရေးယူနိုင်ရန် ဥပ ဒေအကြံပေးများနှင့် တိုင်ပင်နေ ကြောင်း MPT ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဟုတ်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး အနေဖြင့် အဆိုပါကိစ္စကို လိုအပ်လာပါက တရားစွဲသည်အထိ ဆောင်ရွက် မည်ဟု ပြောဆိုကြောင်း တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကပြောသည်။


မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းက အရေးယူနိုင်ရန် တိုင်ပင် နေသည့် အယောင်ဆောင်ပေ့ခ်ျ အတုသည် ပေ့ခ်ျအစစ်မှ သတင်း များကို ပုံမှန်ကူးယူဖော်ပြနေသည့် အပြင် သတင်းအတုအနေဖြင့် ၂၀၁၈ တွင် အင်တာနက်အခမဲ့ အသုံးပြုနိုင်ရန် ပို့စ်ကို ပြန်လည်မျှ ဝေပေးရမည်ဟု တောင်းဆိုခဲ့ သည်။

 အယောင်ဆောင် ဖေ့စ် ဘွတ်ခ်ပေ့ခ်ျအတုများနှင့်ပတ် သက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အရှေ့တောင်အာ ရှ ဖေ့စ်ဘွတ်ခ်ဌာနသို့ အချက်အ လက်များ ပေးပို့တိုင်တန်းထား ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဒစ်ဂျစ်တယ်အဖွဲ့ မန်နေ ဂျာ ဦးဝိုင်းချစ်ဦးက ဒီဇင်ဘာ ၂၂ ရက်တွင် ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအမှတ်တံဆိပ်ဖြင့် တရားဝင် ဖေ့စ်ဘွတ်ခ်ပေ့ခ်ျသည် အပြာ ရောင်အမှတ်အသား ပါရှိသော် လည်း အယောင်ဆောင်ထား သည့် ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ အရေအတွက်မှာ ၄၀ မှ ၁၄၀ ခန့်ရှိကြောင်း ၎င်းကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အလားတူတယ်လီနောနှင့် အူရီးဒူးတို့တွင် တရားဝင်ဖေ့စ် ဘွတ်ခ် စာမျက်နှာများရှိသော် လည်း ဆိုရှယ်မီဒီယာပေါ်တွင် ကုန်အမှတ်တံဆိပ်ပုံစံတူဖြင့် အ ယောင်ဆောင်ပေ့ခ်ျအတု များပြားစွာ တည်ရှိနေသည်။

‘‘ဒါတွေကို ဖော်ထုတ်ဖို့က ခက်တယ်။ ဖေ့စ်ဘွတ်ခ်အကောင့် လုပ်ဖို့ဆိုတာ ဖုန်းနံပါတ်မဖြည့်ဘဲ နဲ့ လုပ်လို့လည်းရနေတာပဲ’’ ဟု ကွန်ပျူတာနည်းပညာ ကျွမ်းကျင် သူ ဦးဟိန်းထက်ဆွေက ပြော သည်။ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျအတုများ ပေါများနေခြင်းသည် ပေ့ခ်ျပြန် လည်ရောင်းချရန် ဈေးကွက်ရှာ ဖွေခြင်းသာဖြစ်သည်။

‘‘ပေ့ခ်ျကို လူဝင်လာဖို့အ တွက် ကံစမ်းမဲတွေဖောက်ပေး တယ်။ ကားပေးမယ်၊ i Phone ပေးမယ်လုပ်တယ်။ ကံစမ်းမဲထဲ ပါဝင်ဖို့အတွက် ပေ့ခ်ျကို Like အ ရင်လုပ်ရတယ်။ လူအများကြီး ရောက်လာပြီဆိုရင် ပို့စ်ကို ဖျက် ပြီးတော့ နာမည်ပြောင်းလိုက် တယ်’’ ဟု ၎င်းကပြောသည်။

 စီးပွားရေးလုပ်ငန်းများအ နေဖြင့် လူဦးရေအများအပြားရှိ သည့် ဖေ့စ်ဘွတ်ခ်ပေ့ခ်ျကိုင်ထား သူများကို အကောင့် Admin များ အဖြစ် ပြန်လည်ငှားရမ်းသည့် ဈေးကွက်ရှိနေခြင်းကြောင့် ယခုကဲ့သို့ ပေ့ခ်ျအတုများ ပေါ်ပေါက်နေခြင်း ဖြစ်ကြောင်း ဦးဟိန်းထက်ဆွေက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဖေ့စ်ဘွတ်ခ်ပေ့ခ်ျအတု ဖန်တီးသူများကို အရေးယူရန်စီစဉ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဖေ့စ်ဘွတ်ခ်ပေ့ခ်ျအတု ဖန်တီးသူများကို အရေးယူရန်စီစဉ် Reviewed by The Collector on Sunday, December 24, 2017 Rating: 5

No comments