ဆင်းမ်ကတ်ဝယ်ယူပါက လက်ဗွေစနစ်အသုံးပြုခြင်းကို ထောက်ခံဟု တယ်လီနောစီအီးအို ပြောကြား


 ဆင်းမ်ကတ်ဝယ်ယူရာ တွင် အသုံးပြုသူနှင့် မှတ်ပုံတင် အမည်စာရင်းမှန်ကန်စေရန် အိမ် နီးချင်းနိုင်ငံများတွင် ကျင့်သုံးနေ သည့် လက်ဗွေစနစ်ကို အားပေး ထောက်ခံကြောင်း တယ်လီနော စီအီးအို မစ္စတာလားစ်အဲရစ်တဲ မန်းက ပြောသည်။

မှတ်ပုံတင်၍ ဆင်းမ်ကတ် အသုံးပြုမှုသည် မည်မျှအထိမှန် ကန်မှုရှိသည်ကို ပြန်လည်သုံး သပ်ရန်လိုအပ်ကြောင်း၊ ဆိုက်ဘာ လုံခြုံရေးနှင့် ဒစ်ဂျစ်တယ်လုံခြုံ ရေးသည် လက်ရှိအချိန်တွင် အ ရေးကြီးနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။


လက်ဗွေစနစ်ကို အသုံးပြု၍ ဆင်းမ်ကတ်ဝယ်ယူအသုံးပြုရ သည့်စနစ်ကို အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နှင့်ပါကစ္စတန်နိုင်ငံတို့တွင် တယ် လီနောအနေဖြင့် လုပ်ကိုင်နေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် စတင်ကျင့်သုံးမည်ဆိုပါက လို အပ်သောအချက်အလက်များ စုစည်းထားရန် လိုအပ်ကြောင်း မစ္စတာလားစ်အဲရစ်တဲမန်းက ပြောသည်။

 မိုဘိုင်းဆင်းမ်ကတ်များ အားလုံးမှတ်ပုံတင်ရန်နှင့် ၂၀၁၇ ဇွန်လကုန်တွင် မှတ်ပုံတင်ထား ခြင်းမရှိသည့်ဆင်းမ်ကတ်များကို အပြီးလိုင်းပိတ်သိမ်းရန် ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့သည့် ဧပြီလက ညွှန်ကြား ချက်ထုတ်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင် မိုဘိုင်းဆင်းမ်ကတ်များကို မှတ် ပုံတင်ပြသရန် မလိုအပ်ဘဲ အရောင်းဆိုင်များ၌ လွယ်ကူစွာ ၀ယ်ယူရရှိနေခြင်းသည် တယ် လီကွန်းအခြေပြုသည့်အမှုအခင်း များနှင့် ဆိုက်ဘာရာဇ၀တ်မှုများ ကို ပိုမိုဖြစ်ပွားစေကြောင်း သုံး သပ်မှုများရှိသည်။

‘‘ကျွန်တော့်ကောင်မလေး ဖုန်းကို မဟုတ်တဲ့စာတွေလာလာ ပို့တယ်။ ပြန်ဆဲပါများတော့ ဖုန်း ပိတ်သွားတယ်။ ဘယ်တိုင်ရမှန်း လည်းမသိဘူး’’ ဟု တယ်လီကွန်း အခြေပြုနှောင့်ယှက်မှုကို ကြုံတွေ့ရသူ ကိုဖြိုးမင်းမင်းကပြောသည်။

 ဆိုက်ဘာတိုက်ခိုက်မှုဖြစ် ပွားရသည့်အချက်များတွင် မို ဘိုင်းဆင်းမ်ကတ်များကို ကိုယ် ပိုင်မှတ်ပုံတင်ဖြင့် စာရင်းပေး သွင်းခြင်းမရှိဘဲ လွယ်ကူစွာဝယ် ယူရရှိသည့်ကိစ္စရပ်ပါဝင်ကြောင်း အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟိုဌာနညွှန်ကြားရေးမှူးဦးရဲနိုင်မိုးကနိုဝင်ဘာက ပြောကြားထားသည်။

တယ်လီကွန်းအခြေပြုသည့် အမှုအခင်းများနှင့် ဆိုက်ဘာ ရာဇ၀တ်မှုများကို ရင်ဆိုင်ကြုံ တွေ့ရသည့်အခါ  လုပ်ထုံးလုပ် နည်းအရ နီးစပ်ရာရဲစခန်းမှတစ် ဆင့် တိုင်ကြားနိုင်ကြောင်း ၎င်းက ပြောသည်။

ရာဇ၀တ်မှုများဖြစ်ပွားသည့် အခါ မိုဘိုင်းဆင်းမ်ကတ်အသုံးပြု မှုနှင့် သက်ဆိုင်သည့်အချက် အလက်များကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ထောက်ခံ ချက်ဖြင့် တရားရုံးမှ တစ်ဆင့် အော်ပရေတာများထံ တောင်းခံ နိုင်သည်။

  မိုဘိုင်းဖုန်းအသုံးပြုသူအ ချက်အလက်ထုတ်ပေးခြင်းအ တွက် မြန်မာနိုင်ငံတွင်နည်းဥပဒေ ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးကြောင်း၊အဆိုပါနည်းဥပဒေကို မြန်မြန် ဆန်ဆန်အကောင်အထည်ဖော် စေလိုကြောင်း မစ္စတာလားစ်အဲ ရစ်တဲမန်းက ပြောသည်။

ဆင်းမ်ကတ်ဝယ်ယူပါက လက်ဗွေစနစ်အသုံးပြုခြင်းကို ထောက်ခံဟု တယ်လီနောစီအီးအို ပြောကြား ဆင်းမ်ကတ်ဝယ်ယူပါက လက်ဗွေစနစ်အသုံးပြုခြင်းကို ထောက်ခံဟု တယ်လီနောစီအီးအို ပြောကြား Reviewed by The Collector on Thursday, December 21, 2017 Rating: 5

No comments